သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲလက်ချက်နဲ့ သေဆုံးသူ ကရင်လူငယ်အမှုမှန်ပေါ်ရေး မိသားစုနဲ့ မိတ်ဆွေတွေတောင်းဆို


အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ယူတီကာ (Utica) မြို့မှာ နေထိုင်သူ အသက် (၁၃) နှစ်အရွယ် ကရင်လူငယ် Nyah Mway
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ယူတီကာ (Utica) မြို့မှာ နေထိုင်သူ အသက် (၁၃) နှစ်အရွယ် ကရင်လူငယ် Nyah Mway

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ယူတီကာ (Utica) မြို့မှာ အသက် ၁၃ နှစ်အရွယ် ကရင်လူငယ်တဦးဟာ ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ရာက ဇွန်လ ၂၈ ရက်၊ သောကြာနေ့ည နှောင်းပိုင်းမှာ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အသေအချာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ မြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။ ဒီမြို့မှာ နေထိုင်နေကြတဲ့ ကရင်တိုင်းရင်းသား လူမှုအသိုက်အဝန်းကလည်း ဒီကိစ္စကို အသေအချာ စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆိုပါတယ်။

“ဒီကိစ္စကို ပွင့်လင်းမြင်သာမှုရှိစွာနဲ့ အသေးစိတ် စုံစမ်းစစ်ဆေးတာကို ကျနော်တို့ မြင်တွေ့လိုပါတယ်။ နောက် ဒီဖြစ်စဉ်မှာ တာဝန်ရှိတဲ့သူကို ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ အရေးယူတာကို ကျနော်တို့ မြင်တွေ့လိုပါတယ်” လို့ ကရင် လူမှုအသိုက်အဝန်းခေါင်းဆောင်တဦးဖြစ်သူ လူပွေးဒိုက ပြောသွားတာပါ။

သေဆုံးသွားသူ ကရင်လူငယ် Nyah Mway ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အလယ်တန်း (၈ တန်း) အောင်ထားသူဖြစ်တယ်လို့ ဆိုပါတယ်။ စနေနေ့ညကတော့ သေဆုံးသူ Nyah Mway အတွက် ယူတီကာမြို့မှာရှိတဲ့ ကရင်လူမှုအသိုက်အဝန်းအပါအဝင် ဒေသခံတွေစုဝေးပြီး ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲ ကျင်းပခဲ့ကြပါတယ်။

ယူတီကာမြို့ ရဲဌာနက ထုတ်ပြန်ထားတဲ့ ရဲခန္ဓာကိုယ်ပေါ်က ကင်မရာမှတ်တမ်းမှာ အသက် (၁၃) နှစ်အရွယ် ကရင်လူငယ် Nyah Mway ကို သေနတ်နဲ့အပစ်မခံရမီအချိန်ပိုင်းအလိုမှာတွေ့ရစဉ် (ဇွန် ၂၈၊ ၂၀၂၄)
ယူတီကာမြို့ ရဲဌာနက ထုတ်ပြန်ထားတဲ့ ရဲခန္ဓာကိုယ်ပေါ်က ကင်မရာမှတ်တမ်းမှာ အသက် (၁၃) နှစ်အရွယ် ကရင်လူငယ် Nyah Mway ကို သေနတ်နဲ့အပစ်မခံရမီအချိန်ပိုင်းအလိုမှာတွေ့ရစဉ် (ဇွန် ၂၈၊ ၂၀၂၄)

အခင်းဖြစ်စဉ် အနီးနားမှာရှိသူတွေရဲ့ မှတ်တမ်းဗွီဒီယိုတွေအရ သူ့ကို ရဲတဦးက ဝင်လုံးပြီး ဖမ်းဖို့ကြိုးစားစဉ် နောက် ရဲ ၂ ယောက် ရောက်လာတဲ့အချိန်မှာဘဲ သေနတ်သံကြားလိုက်ရတယ်လို့ ဆိုပါတယ်။ သေနတ်သံ ထွက်လာတဲ့အချိန်မှာ လူငယ်ဟာ မြေကြီးပေါ်မှာ လှဲကျနေပြီးဖြစ်တယ်လို့ ဆိုပါတယ်။ နယူးယောက်ပြည် ဥပဒေအရ ရဲတပ်ဖွဲ့ရဲ့ လက်ချက်ကြောင့် သေဆုံးမှုဖြစ်တဲ့ အမှုတိုင်းကို ရှေ့နေချုပ်ရုံးက စုံစမ်း စစ်ဆေးရမှာ ဖြစ်ပါတယ်။

လူဦးရေ ၆ သောင်းခွဲလောက် နေထိုင်တဲ့ ဒီယူတီကာမြို့မှာ ကရင်တိုင်းရင်းသားတွေအပါအဝင် မြန်မာပြည်က ရွှေ့ပြောင်း အခြေချနေထိုင်သူ ၄,၂၀၀ ရှိတယ်လို့ မြန်မာပြည်က ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ The Center အဖွဲ့က ထုတ်ပြန်တဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG