သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Osama bin Laden ရဲ့ အနီးကပ်လက်ထောက် တယောက်ကို ပါကစ္စတန်မှာ ဖမ်းဆီး


အယ်လ်ခိုင်းဒါး ခေါင်းဆောင် Osama bin Laden အိုစမာဘင်လာဒင်ရဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ တာဝန်ယူခဲ့သူ Amin ul Haq (ဝဲ)ကို ပါကစ္စတန်က ဖမ်းမိခဲ့။
အယ်လ်ခိုင်းဒါး ခေါင်းဆောင် Osama bin Laden အိုစမာဘင်လာဒင်ရဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ တာဝန်ယူခဲ့သူ Amin ul Haq (ဝဲ)ကို ပါကစ္စတန်က ဖမ်းမိခဲ့။

အယ်လ်ခိုင်းဒါး ခေါင်းဆောင် Osama bin Laden အိုစမာဘင်လာဒင်ရဲ့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ တာဝန်ယူခဲ့သူ Amin ul Haq ကို ဖမ်းမိတယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက သောကြာနေ့မှာ ပြောပါတယ်။ သူ့ကို အယ်လ်ခိုင်းဒါးအဖွဲ့ရဲ့ အကြီးတန်း တာဝန်ရှိသူအဖြစ် နိုင်ငံတကာက သတ်မှတ်ထားတာပါ။

ပန်ဂျပ် ပြည်နယ်မှာရှိတဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာန CDT ကတော့ Amin ul Haq ဟာ ပါကစ္စတန်နိုင်ငံမှာ ကြီးမားတဲ့ အကြမ်းဖက်မှုတွေ လုပ်ဖို့ စီစဉ်နေတယ်လို့ စွပ်စွဲခဲ့သလို သူဟာ အာဖဂန်နိုင်ငံသား တဦးလို့ ပြောပါတယ်။ သူ့ကို “ စာရေ အလမ်ဂါ” မြို့မှာ ထောက်လှမ်းရေး အခြေခံတဲ့ စစ်ဆင်ရေး လုပ်နေစဉ်အတွင်း ဖမ်းမိခဲ့တာလို့ CDT ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

သူဟာ Osama bin Laden ရဲ့ အနီးကပ် လူယုံတဦးဖြစ်ပြီး Dr Amin လို့ ခေါ်ကြတဲ့ သူ့ကို ကုလသမဂ္ဂက နိုင်ငံတကာ အကြမ်းဖက်သမား စာရင်းမှာ ထည့်သွင်းထားတာပါ။

Amin ul Haq ဟာ ၁၉၉၆ ခုနှစ်ကတည်းက အကြမ်းဖက်လှုပ်ရှားမှု အများအပြားမှာ ပါဝင်နေသူဖြစ်ကြောင်းနဲ့ အခုလို သူ့ကို ဖမ်းမိတာဟာ အကြမ်းဖက်နှိမ်နင်းရေးအတွက် အရေးပါတဲ့ အောင်မြင်မှု ဖြစ်ကြောင်းလည်း ဖေါ်ပြပါတယ်။

ပါကစ္စတန်ကို ထွက်မပြေးခင် ၂၀၀၁ ခုနှစ်အထိ သူဟာ Bin Laden ရဲ့ လုံခြုံရေးအကြီးအကဲ တာဝန်ယူခဲ့သူပါ။ နောက်ပိုင်းမှာ အာဖဂန် အရှေ့ပိုင်းက သူ့ဇာတိ နန်ဂဟာ ခရိုင်မှာ နှစ်အတော်ကြာ ပုန်းအောင်းနေခဲ့ရာက ၂၀၂၁ အမေရိကန်တပ်တွေ အာဖဂန်က ဆုတ်ခွါသွားပြီး တာလီဘန်တွေ အာဏာရလာချိန်မှာ ပုန်းအောင်းရာက ထွက်လာပြီး ပြန်လှုပ်ရှားလာတာ ဖြစ်ပါတယ်။

Osama bin Laden ရဲ့ အနီးကပ်လက်ထောက် တယောက်ကို ပါကစ္စတန်မှာ ဖမ်းဆီး
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG