သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုစမာဘင်လာဒင် ခြေမှုန်းခဲ့သူတဦး ဒေါ်လာ ၆သန်းခွဲ လေ ျှာ်ရ


ဘင်လာဒင် ဖမ်းဆီးစဉ် Mark Owen အတွေ့ကြုံတွေ ရေး ထားသည့် "No Easy Day" စာအုပ်
ဘင်လာဒင် ဖမ်းဆီးစဉ် Mark Owen အတွေ့ကြုံတွေ ရေး ထားသည့် "No Easy Day" စာအုပ်

အိုဆမာဘင်လာဒင်ကို စီးနင်းပစ်ခတ်ရာမှာ ကိုယ်တိုင်ပါဝင်သူ အမေရိကန်ရေတပ် အထူးတပ်ဖွဲ့ဝင် ဟောင်းတဦးက သူ့ရဲ့အခန်းကဏ္ဍ အကြောင်း ရေးတဲ့ စာအုပ်နဲ့ ပတ်သက်ပြီး၊ အစိုးရကို ဒေါ်လာ(၆.၆)သန်း ပေးလျှော်ရမှာဖြစ်ပါတယ်။ ကာကွယ်ရေး ဌာနရဲ့ကင်းလွတ်ခွင့် ပေး မထားတဲ့ အထောက်အထားတွေ၊ လျှို့ဝှက်သဘောတူညီချက်တွေကို ချိုးဖေါက်မှုအတွက် ခုလိုလျှော်ရတာဖြစ် တယ်လို့ ပြည်ထောင်စု တရားရုံးကို ကိုးကားပြီး APသတင်းဌာနက ရေးပါတယ်။

ရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်း Matt Bissonnette က Mark Owen ဆိုတဲ့ ကလောင်နာမည်နဲ့ ရေးသားတဲ့ “No Easy Day'' စာအုပ်ကရတဲ့ အမြတ်အားလုံးနဲ့အကြိမ်ကြိမ် ထုတ်ဝေခွင့်က ရမယ့်အမြတ်တွေ၊ ရုပ်ရှင်ရိုက်ကူးရင် ရမယ့် အမြတ်ေ တွအားလုံး - အစိုးရကို လျှော်ရမှာ ဖြစ်ပါတယ်။ စာအုပ်ရောင်းရငွေ ပမာဏ ကတော့ ဒေါ်လာ ၆.၆သန်း မက ရှိနေပြီဖြစ်ပါတယ်။ ဒီငွေကို ပေးလျှော်ဖို့အတွက် သူ့အနေနဲ့ အချိန် ၄နှစ် ရရှိမှာဖြစ်ပါတယ်။

တရားရေးဌာနပြောခွင့်ရသူ Nicole Navas ကအခု သဘောတူညီမှုဟာ Bissonnette ရဲ့စစ်ရေးတာဝန် ထမ်းဆောင်ခဲ့မှုကို သိက္ခာကျ ဆင်းစေဖို့ လုပ်တာ မဟုတ်ပဲ ၊ စစ်မှုထမ်းတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းကို ခိုင်မာစေခြင်း သာဖြစ်တယ်လို့ ဆိုပါတယ်။

အိုစမာဘင်လာဒင် ခြေမှုန်းခဲ့သူတဦး ဒေါ်လာ ၆သန်းခွဲ လေ ျှာ်ရ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG