သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်


Dhaka မြို့တော် လမ်းမပေါ်က ဆန္ဒပြပွဲများ။
Dhaka မြို့တော် လမ်းမပေါ်က ဆန္ဒပြပွဲများ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး အစိုးရက ပမာဏ ကန့်သတ်တာကို မလိုလားတဲ့ ကျောင်းသားဦးဆောင်တဲ့ ဒီသီတင်းပတ်အတွင်း ဆန္ဒပြပွဲတွေကို ခြေမှုန်းရာကနေ လူပေါင်း ၁၁၄ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့နောက် စနေနေ့မှာတော့ ၂ ရက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

စနေနေ့မှာ Dhaka မြို့တော် လမ်းမတွေပေါ်မှာ လူသူရှင်းနေပြီး စစ်သားတွေ ကင်းလှည့်နေတာ တွေ့ရပါတယ်။ ဆေးရုံက အချက်လက်တွေအရ စနေနေ့မှာလည်း Dhaka က ဆန္ဒပြရာ ဗဟိုအချက်ချာကျတဲ့ နေရာတချို့မှာ အဓိကရုဏ်းတွေ ကြိုကြား ဖြစ်ပွါးခဲ့ပြီး သေဆုံးရသူက ၄ ဦးထက်မနည်း ရှိနေတာပါ။

ရဲတွေကလည်း ညမထွက်ရအမိန့်ကို အားဖြည့်တဲ့အနေနဲ့ လမ်းမတွေမှာ အတားအဆီးတွေ ချထားပါတယ်။ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အစိုးရက တနင်္ဂနွေနဲ့ တနင်္လာနေ့တွေကို လူထုအားလပ်ရက်တွေအဖြစ် ကြေညာခဲ့ပြီး အရေးပေါ်ဝန်ဆောင်မှု အတွက်သာ သွားလာခွင့်ပြုထားပါတယ်။

တက္ကသိုလ်တွေ ကောလိပ်တွေကတော့ ဇူလိုင် ၁၇ ဗုဒ္ဓဟူးနေ့ ကတည်းက ပိတ်ထားတာပါ။ ပါကစ္စတန်နိုင်ငံကနေ လွတ်လပ်ရေးရ ခွဲထွက်ဖို့ တိုက်ပွဲဝင်ခဲ့သူတွေရဲ့ မိသားစုဝင်တွေကို အစိုးရ အလုပ်အကိုင်မှာ ရာခိုင်နှုန်း ၃၀ နေရာ ပေးဖို့ချန်ထားတာ အပါအဝင် အလုပ်အကိုင်အတွက် ပမာဏ ကန့်သတ်တာအပေါ် ကျောင်းသားတွေက ဒေါသထွက်ခဲ့ရာကနေ နိုင်ငံတလွှား ဆန္ဒပြမှုတွေ ဖြစ်ပွါးလာခဲ့တာဖြစ်ပါတယ်။

ဟာစီနာ အစိုးရက ဒီကန့်သတ်မှုစနစ်ကို ၂၀၁၈ ကတည်းက တင်ပြထားတာဖြစ်ပြီး ပြီးခဲ့တဲ့လကမှ တရားရုံးက ကြားနာဖို့ ပြန်လည် လက်ခံခဲ့တာ ဖြစ်ပါတယ်။ အခု ဆန္ဒပြမှုတွေဟာ ဟာစီနာ အစိုးရရဲ့ သက်တမ်း ၄ ကြိမ် အုပ်ချုပ်တဲ့ ကာလအတွင်း အကြီးမားဆုံးလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG