သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်အစိုးရသစ် ရိုဟင်ဂျာအရေး အလားအလာများ


ဘင်္ဂလားဒေ့ရှ် အစိုးရသစ်လက်ထက် အုပ်ချုပ်ရေးအပြောင်းအလဲ ရိုဟင်ဂျာတွေအပေါ် သက်ရောက်နိုင်ခြေနဲ့ ဘင်္ဂလားအစိုးရသစ်နဲ့ NUG အစိုးရကြားလက်တွဲပူးပေါင်းဆောင်ရွက်မယ့်အလားအလာတွေနဲ့ပတ်သက်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးကို ဗွီအိုအေ စတူရီယိုမှာ မဆုမွန်က တွေ့ဆုံမေးမြန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လာခိုလှုံနေကြတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာတွေကို ဆက်ပြီးတော့ ကူညီစောင့်ရှောက်ပါမယ်လို့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရခေါင်းဆောင် Muhammad Yunus က ကြားဖြတ်အစိုးရရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ သံတမန်တွေကို ရှင်းလင်းပြောဆိုချိန် အလေးပေးပြောကြားခဲ့ပါတယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်တဲ့ ကြားဖြတ်အစိုးရအကြီးအကဲ ဒေါက်တာ Yunus ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က နှုတ်ခွန်းဆက် သဝဏ်လွှာပေးပို့ခဲ့ချိန်မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို စောင့်ရှောက်ကာကွယ်ပေးပါလို့ ထည့်သွင်းတိုက်တွန်းထားပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရသစ်လက်ထက် နိုင်ငံရေး အုပ်ချုပ်ရေး အပြောင်းအလဲ ရိုဟင်ဂျာတွေအပေါ် သက်ရောက်နိုင်ခြေနဲ့ ဘင်္ဂလားအစိုးရသစ်နဲ့ NUG အစိုးရကြား လက်တွဲပူးပေါင်းဆောင်ရွက်မယ့်အလားအလာတွေနဲ့ပတ်သက်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးကို ဗွီအိုအေ စတူရီယိုမှာ မဆုမွန်က တွေ့ဆုံမေးမြန်းထားတာကို ရိုဟင်ဂျာအရေးမျှော်လင့်ချက် အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။

Forum

XS
SM
MD
LG