သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာညီအမတွေစိတ်ခွန်အားရစေဖို့ Sisters 2 Sisters အဖွဲ့ကပေးပို့တဲ့ပေးစာ


စိန်ခေါ်မှုတွေ နဲ့ရင်ဆိုင်နေရတဲ့ ဒုက္ခသည်စခန်းထဲကအခက်အခဲတွေ၊ အသက်နဲ့ရင်းပြီး ပင်လယ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာညီအမတွေအတွက် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံတဝန်း က Sisters 2 Sisters အဖွဲ့ကနေ တော်လှန်ညီအမတွေက စိတ်ခွန်အားပေးတဲ့ပေးစာလေးတွေပေးပို့ပြီး  အားပေးနေကြပါတယ်။

ပြင်းထန်နေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စိန်ခေါ်မှုတွေ နဲ့ရင်ဆိုင်နေရတဲ့ ဒုက္ခသည်စခန်းထဲက အခက်အခဲတွေ၊ အသက်နဲ့ရင်းပြီး ပင်လယ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာညီအမတွေအတွက် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံတဝန်း က Sisters 2 Sisters အဖွဲ့ကနေ တော်လှန်ညီအမတွေက စိတ်ခွန်အားပေးတဲ့ပေးစာလေးတွေပေးပို့ပြီး အားပေးနေကြပါတယ်။ ရိုဟင်ဂျာဘာသာစကားနဲ့တဆင့်ခွန်အားပေး ပေးပို့ထားတဲ့စာလေးတွေကို နေရာဒေသအသီးသီးမှာရောက်ရှိနေကြတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေဘက်ကလည်း ကျေးဇူးတင်တုန့်ပြန်ကြတယ်လို့ Sisters 2 Sisters အဖွဲ့ကပြောပါတယ်။ သြဂုတ်လ (၂၅)ရက်နေ့ ၇နှစ်ပြည့် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ် ၂၀၂၁ခုနှစ်ကစ တော်လှန်ညီအမတွေက ပေးပို့ကြတဲ့ #Letters2Sisters #WithTheRohingya ပေးစာအစီအစဉ်အကြောင်း Sisters 2 Sisters အဖွဲ့ဦးဆောင်ကော်မတီအဖွဲ့ဝင် မသဉ္ဇာရွှန်းလဲ့ရည်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

Forum

XS
SM
MD
LG