သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကိုလက်နက်အထောက်အပံ့ရပ်တန့်ရေး ဗြိတိန်ဆုံးဖြတ်ချက် စံနမူနာဖြစ်လာနိုင်


အစ္စရေးကိုလက်နက်အထောက်အပံ့ရပ်တန့်ရေး ဗြိတိန်ဆုံးဖြတ်ချက် စံနမူနာဖြစ်လာနိုင်
please wait

No media source currently available

0:00 0:04:07 0:00

အစ္စရေးကို လက်နက်ပေးပို့ထောက်ပံ့တာကို ဆိုင်းငံထားဖို့ ဗြိတိန်ဆုံးဖြတ်လိုက်တာဟာ နိုင်ငံတကာ ဥပဒေကို လိုက်နာလိုက်နာရမယ့်လိုအပ်ချက်အရ ဖြစ်တယ်လို့ ဝန်ကြီးချုပ်သစ်က ပြောပါတယ်။ ဒါပေမယ့် အစ္စရေးဖက်ကတော့  ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ဟားမတ်စ် စစ်သွေးကြွအဖွဲ့ကို အားဖြည့်ပေးရာရောက်တယ်လို့ တုံ့ပြန်ပါတယ်။

ဗြိတိန်၀န်ကြီးချုပ် Keir Starmer က သူအစိုးရအနေနဲ့ အစ္စရေးကို လက်နက်ပေးပို့ထောက်ပန့်တာကို ဆိုင်းငံထားဖို့ ဆုံးဖြတ်လိုက်တာဟာ နိုင်ငံတကာ ဥပဒေကို လိုက်နာလိုက်နာရမယ့်လိုအပ်ချက်အရ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်က ပြောပါတယ်။ ဒါပေမယ့် အစ္စရေးဖက်ကတော့ ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ဟားမတ်စ် စစ်သွေးကြွအဖွဲ့ကို အားဖြည့်ပေးရာရောက်တယ်လို့ တုံ့ပြန်ပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ ဗြိတိန်အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ ကြီးမားတဲ့ နမူနာပြတခုဖြစ်ပြီး ဥရောပ မဟာမိတ်တွေအပေါ်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် အကျိုးဆက်တွေဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Henry Ridgwell သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။

Forum

XS
SM
MD
LG