သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဒရုန်းကြားဖြတ်ပစ်ချနေတဲ့ ယူကရိန်းအမျိုးသမီးအဖွဲ့


ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားဒရုန်းတွေကို အဓိကပစ်မှတ်ထား ကြားဖြတ်ဖျက်ဆီးပစ်ချနေကြတဲ့ Kyiv မြို့တော်အနီးက အမျိုးသမီး လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ဟာ သူတို့ကိုယ်သူတို့ Bucha စုန်းမများ လို့ ခေါ်ကြပါတယ်။ ဒီအကြောင်း Anna Kosstutschenko ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။

ယူကရိန်းကို ရုရှားက တိုက်ခိုက်ရာမှာ သုံးတဲ့ အီရန်နိုင်ငံလုပ် Shahed ဒရုန်းတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေကြတဲ့ Kyiv မြို့တော်အနီးက အမျိုးသမီး လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ဟာ သူတို့ကိုယ်သူတို့ Bucha စုန်းမများ လို့ ခေါ်ကြပါတယ်။ Bucha အရပ် ဝေဟင် ဘေးကင်း လုံခြုံရေးအတွက် တနေ့ ၂၄ နာရီ၊ တပတ် ၇ ရက် အချိန်ပြည့် အလုပ် လုပ်နေကြတဲ့ ဒီအမျိုးသမီးတပ်ဖွဲ့ဟာ ရုရှားပစ်လွှတ်တဲ့ မစ်ဇိုင်းတွေနဲ့ အဝေးထိန်း ဒရုန်းတွေကို ထိထိရောက်ရောက် ကြားဖြတ် တိုက်ခိုက် ဖျက်ဆီးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီအကြောင်း Anna Kosstutschenko ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။

Forum

XS
SM
MD
LG