သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကျော်မိုးထွန်း ကုလလုပ်ပိုင်ခွင့် အပြည့်ရရေး မြန်မာလှုပ်ရှားသူတွေလိုလား


ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုသူအဖြစ် ဆက်ခန့်ထားရုံသာမက၊ ကုလသမဂ္ဂရဲ့ အရေးကြီး စည်းဝေးပွဲတွေမှာပါ တက်ရောက်ခွင့်ပေးဖို့ ကာလီဖိုးနီးယား မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆို
ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုသူအဖြစ် ဆက်ခန့်ထားရုံသာမက၊ ကုလသမဂ္ဂရဲ့ အရေးကြီး စည်းဝေးပွဲတွေမှာပါ တက်ရောက်ခွင့်ပေးဖို့ ကာလီဖိုးနီးယား မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆို


နယူးယောက်မြို့မှာ စက်တင်ဘာလ ၁၀ ရက်က စတင်ကျင်းပတဲ့ (၇၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုသူအဖြစ် ဆက်လက် ခန့်ထားရုံသာ မကပဲ ၊ ကုလသမဂ္ဂရဲ့ အရေးကြီး စည်းဝေးပွဲတွေမှာပါ တက်ရောက်ဆွေးနွေးခွင့်ပေးဖို့ ကာလီဖိုးနီးယားပြည်နယ်မှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြောင်း ဆန်ဖရန်စစ္စကိုမြို့နေ ဦးကိုကိုလေးက ပြောပါတယ်။

" ဦးကျော်မိုးထွန်းကို သူ့ရဲ့နေရာမှာ ဆက်လက်ပြီး ထားရှိဖို့နဲ့ အဲဒါအပြင် ကုလသမဂ္ဂအထွေထွေညီလာခံမှာ စကားပြောဆိုခွင့် ရဖို့အတွက် − ဒီ ၂ ချက်ကို တောင်းဆိုတာပါ။ စစ်အစိုးရကလည်း ရေဘေးကို မကူညီပဲနဲ့ သူက ဗုံးတွေလိုက်ကြဲပြီး ပြည်သူတွေကို ထပ်သတ်နေပြန်သေးတယ်။ အဲဒီတော့ ပြည်သူတွေရဲ့ဘဝက အကာအကွယ် မဲ့နေတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဦးကျော်မိုးထွန်းက UN ကုလမှာ ဒီနေရာကို ဆက်လက်ရရှိပြီးတော့ စကားပြောခွင့် ရခြင်းဖြင့် မြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့ ဒုက္ခသုက္ခတွေအကြောင်းကို ကမ္ဘာသိအောင် ပြောနိုင်မှာဖြစ်ပါတယ်။ "

ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုသူအဖြစ် ဆက်ခန့်ထားရုံသာမက၊ ကုလသမဂ္ဂရဲ့ အရေးကြီး စည်းဝေးပွဲတွေမှာပါ တက်ရောက်ခွင့်ပေးဖို့ ကာလီဖိုးနီးယား မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆို
ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုသူအဖြစ် ဆက်ခန့်ထားရုံသာမက၊ ကုလသမဂ္ဂရဲ့ အရေးကြီး စည်းဝေးပွဲတွေမှာပါ တက်ရောက်ခွင့်ပေးဖို့ ကာလီဖိုးနီးယား မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆို


ဆန်ဖရန်စစ္စကိုမြို့မှာရှိတဲ့ ကုလသမဂ္ဂ စတင်ဖွဲ့စည်းခဲ့ရာ UN Plaza ရှေ့မှာ မြန်မာ့အရေး လှုပ်ရှားသူတွေ စနေနေ့ မွန်းလွဲပိုင်းက စုရုံးခဲ့ကြပြီး ခုလို တောင်းဆိုလိုက်ကြတာပါ။

၂၀၂၁ စစ်တပ် အာဏာသိမ်းထားချိန်ကစပြီး ဦးကျော်မိုးထွန်းကိုပဲ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ကိုယ်စားလှယ် စိစစ်ရေးကော်မတီက တနှစ်တခါ အတည်ပြုပေးလာခဲ့ပေမယ့် အရေးကြီး ဆုံးဖြတ်ချက်ချနိုင်မယ့် စည်းဝေးပွဲတွေမှာ တက်ရောက် ဆွေးနွေးခွင့်ကိုတော့ ကန့်သတ်ထားတာကြောင့် မြန်မာ့အရေး လှုပ်ရှားသူတွေက ခုလို တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

လာမယ့် ၂ ပတ်အတွင်းမှာလည်း ဆန်ဖရန်စစ္စကိုမြို့က ထင်ရှားတဲ့ Golden Gate တံတားကြီးပေါ် ဖြတ်သန်းချီတက်ပြီး ဦးကျော်မိုးထွန်းအတွက် ဆန္ဒ ထုတ်ဖေါ်ကြဦးမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG