သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲ လွှတ်လပ် မျှတဖွယ်မရှိ (သံအမတ်ကြီး ဦးကျော်မိုးထွန်း)
နောက်ဆုံးရသတင်း

စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲ လွှတ်လပ် မျှတဖွယ်မရှိ (သံအမတ်ကြီး ဦးကျော်မိုးထွန်း)


ကုလသမဂ၈အထွေထွေညီလာခံအတွင်း မိန့်ခွန်းပြောကြားနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း (မတ် ၂၄၊ ၂၀၂၂)
ကုလသမဂ၈အထွေထွေညီလာခံအတွင်း မိန့်ခွန်းပြောကြားနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း (မတ် ၂၄၊ ၂၀၂၂)

စစ်ကောင်စီကလုပ်မယ့် ဘယ်လို ရွေးကောက်ပွဲမဆို လွတ်လပ်၊ မျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်မလာနိုင်သလို၊ ပြည်သူတွေ လက်ရှိကြုံတွေနေရတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အပြင်၊ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေသာ ပိုများလာနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂဌာနချုပ်မှာ လုပ်တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဥ် UNDP နဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့ရဲ့ ၂၀၂၄ ခုနှစ်အတွက် ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဲဒီလို ပြောခဲ့တာပါ။

အာဏာသိမ်းချိန်ကစပြီး အကြမ်းဖက်လုပ်ရပ်တွေကို ကို လုပ်ဆောင်နေတဲ့ စစ်ကောင်စီဟာ မြန်မာ ပြည်သူတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ တောင်းဆိုချက်တွေကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုခဲ့ ယုံသာမက၊ အပြည်ပြည်ဆိုင်ရာဥပဒေ၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနဲ့ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေတွေကို ချိုးဖောက်ကာ မဆင်မခြင် တိုက်ခိုက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုသာ လုပ်ခဲ့တယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေဟာ အလုံးစုံပျက်သုဉ်းနေပြီဖြစ်သလို၊ စစ်ကောင်စီရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုကြောင့် ပြည်သူတွေ ဒုက္ခဆင်းရဲခံစားနေရကြောင်းလည်း ပြောပါတယ်။

စစ်ကောင်စီကတော့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ လာမယ့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေကြောင်း ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၂၄ ရက်နေ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန် ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG