သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ်ကာလ နောက်ထပ် ၆ လ သက်တမ်းတိုးကြောင်း စစ်ကောင်စီကြေညာ


အရေးပေါ်ကာလ သက်တမ်းတိုးခဲ့တဲ့ စစ်ကောင်စီ ကာလုံအစည်းအဝေး (ဇူလိုင် ၃၁၊ ၂၀၂၄)
အရေးပေါ်ကာလ သက်တမ်းတိုးခဲ့တဲ့ စစ်ကောင်စီ ကာလုံအစည်းအဝေး (ဇူလိုင် ၃၁၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကြေညာထားတဲ့ အရေးပေါ်ကာလကို စစ်ကောင်စီက ဒီကနေ့ပဲ နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ပါတယ်။ နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေပြီး အတိုက်အခံ အင်အားစုတွေ အသာစီးရလာနေတဲ့ သတင်းတွေ ထွက်ပေါ်လာနေချိန်မှာပဲ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ကျင်းပပြီး အရေးပေါ်ကာလ သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။

ရှေ့လာမယ့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့နဲ့ နယ်မြေတည်ငြိမ်ရေး လိုအပ်ချက်တွေ ရှိနေတာကြောင့် သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ အာဏာသိမ်းပြီး ၃ နှစ်ခွဲပြည့်ချိန်မှာပဲ အရေးပေါ်ကာလကို နောက်ထပ် သက်တမ်းတိုးလိုက်တာပါ။

ဒီတကြိမ်နဲ့ပါဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အရေးပေါ်ကာလ သက်တမ်းတိုးခဲ့တာ ၆ ကြိမ် ရှိသွားပါပြီ။ အခုနောက်ဆုံးအကြိမ် သက်တမ်းတိုးဖို့ ရက်ပိုင်းအလိုမှာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံ အစည်းအဝေးကို ဦးဆောင်ရမယ့် သမ္မတ တာဝန်တွေကိုလည်း စစ်ကောင်စီ အကြီးအကဲက လွှဲပြောင်းယူခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG