သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yagi တိုင်ဖွန်းဒဏ်သင့် မြန်မာမြို့ရွာများ

တိုင်ဖုန်းမုန်တိုင်း Yagi ကြောင့် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ရေကြီးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ရေဘေးကြောင့် သေဆုံးသူ ၂၂၆ ယောက်ရှိသွားပြီလို့ စစ်ကောင်စီက စက်တင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီး ၇၇ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတွေကတော့ ရေကြီးရေလျှံတာကြောင့်မြေပြင်မှာ သေဆုံးသူအရေအတွက်ဟာ စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ အရေအတွက်ထက်များတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ကတော့ အချက်အလက်တွေ ရရှိမှု အခက်အခဲတွေ ရှိနေပေမဲ့ ရေဘေးဒဏ်သင့်သူ ၆၃၁,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း မတိုင်ခက်တရက်ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသူ ရာဂဏန်းနဲ့ ပျောက်ဆုံးနေသူ အများအပြားရှိနေတဲ့ သတင်းတွေလည်း ရရှိထားတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ Yagi မုန်တိုင်းဟာ လူသားချင်းစာနာမှုအကူအညီ ဘေးဒုက္ခရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် လတ်တလောနှစ်တွေအတွင်း အဆိုးဝါးဆုံး သဘာဝဘေးအန္တရာယ်ဆိုးကြီးကို ရင်ဆိုင်လိုက်ရတာဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တာဝန်ယူ လုပ်ဆောင်ခဲ့ဖူးတဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေနဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ဝင်တွေ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ SAC-M က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဒီအတွက် နိုင်ငံတကာက နယ်စပ်ဖြတ်ကျော် အကူအညီတွေပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း တိုက်တွန်းထားပါတယ်။


နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG