သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘေးရှောင်ဖို့ ပိုက်ဆံလိုတယ် (လာရှိုးမြို့ခံ)


စစ်ဘေးရှောင်ဖို့ ပိုက်ဆံလိုတယ် (လာရှိုးမြို့ခံ)
please wait

No media source currently available

0:00 0:03:23 0:00

MNDAA ကိုးကန့်တပ်ဖွဲ့ သိမ်းထားတဲ့ ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့မှာ မြန်မာစစ်ကောင်စီဘက်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာနေပြီး အရပ်သားတွေ သေဆုံးတာတွေနဲ့ ထိခိုက်ဒဏ်ရာရာတွေလည်း တိုးလာနေပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ တိုင်းရင်းသားဒေသ စစ်ဘေးရှောင်များ

MNDAA ကိုးကန့်တပ်ဖွဲ့ သိမ်းထားတဲ့ ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့မှာ မြန်မာစစ်ကောင်စီဘက်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာနေပြီး အရပ်သားတွေ သေဆုံးတာတွေနဲ့ ထိခိုက်ဒဏ်ရာရာတွေလည်း တိုးလာနေပါတယ်။ တခြား တိုင်းရင်းသားဒေသတွေမှာလည်း စစ်ရေးနဲ့ မပတ်သက်တဲ့ နေရာတွေကို စစ်ကောင်စီဘက်က ပြစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်တာတွေ တိုးလာတယ်လို့ တိုင်းရင်းသား အဖွဲ့အစည်းတွေက VOA ကို ပြောဆိုပါတယ်။ စစ်ကောင်စီအပေါ် ဂျက်လေယာဉ်ဆီအပါအဝင် လက်နက်နဲ့ စစ်ဘက် အရပ်ဘက်သုံးပစ္စည်းတွေ မရောက်အောင် ကာကွယ်တားဆီးပေးကြဖို့ နိုင်ငံတကာခေါင်းဆောင်တွေ တောင်းဆိုနေကြတာကို အမြန်ဆုံးအကောင်အထည်ဖေါ်ပေးဖို့ တိုင်းရင်းသား အဖွဲ့အစည်းတွေ လူ့အခွင့်အရေးအဖွဲ့တွေက လိုလားနေပါတယ်။ AFP သတင်းကို အခြေခံပြီး ကိုသိန်းထိုက်ဦး ဆက်ပြောပါလိမ့်မယ်။

Forum

XS
SM
MD
LG