အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ အင်အားပြင်းထန်မှု အဆင့် ၄ အထိရှိတဲ့ Helene ဟာရီကိန်း မုန်တိုင်း အကြီးအကျယ်တိုက်ခတ်နေပါတယ်။ ကျောင်းတွေ၊ တံတားတွေ ပိတ်ထားပြီး လူတွေ သိန်းနဲ့ချီ ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေကြသလို တခြားပြည်နယ်တွေက ကယ်ဆယ်ရေးအဖွဲ့တွေလည်း စေလွှတ်နေရပါတယ်။ မုန်တိုင်းတိုက်ခတ်နေတဲ့အခြေအနေ၊ ကြိုတင်ပြင်ဆင်မှု အနေအထားတွေကို ဖလော်ရီဒါပြည်နယ် Tampa မြို့ခံ တဦးဖြစ်တဲ့ ဦးအောင်မြတ်သူက ရှင်းပြထားပါတယ်။
ဖလော်ရီဒါပြည်နယ် Helene ဟာရီကိန်း မုန်တိုင်း တိုက်ခတ်မှုအခြေအနေ
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ အင်အားပြင်း ဟာရီကိန်းမုန်တိုင်း Helene ဝင်ရောက်တိုက်ခတ်နေတာကြောင့် မုန်တိုင်းလမ်းကြောင်းကျရာ မြို့တွေက ဒေသခံတွေ သိန်းနဲ့ချီပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့ခိုလှုံနေပါတယ်။ မုန်တိုင်းတိုက်ခတ်နေတဲ့ နောက်ဆုံး အခြအနေကို Tampa မြို့ခံ ကိုအောင်မြတ်သူ ရှင်းပြထားပါတယ်။
ဆက်စပ်သတင်းများ ...
ဗွီဒီယို ကြည့်ရှုရန်
-
၁၂ ဒီဇင်ဘာ၊ ၂၀၂၄
နှစ် ၂၀ ပြည့် ဆူနာမီဘေး အမှတ်တရ ဇာတ်လမ်းတွဲ
-
၁၂ ဒီဇင်ဘာ၊ ၂၀၂၄
ဆိုရှယ်မီဒီယာ လူကြည့်များသတင်းတို
-
၁၁ ဒီဇင်ဘာ၊ ၂၀၂၄
အရှေ့အလယ်ပိုင်းမှာ ရုရှားရဲ့ မဟာမိတ်ဆုံးရှုံးမှု
-
၀၉ ဒီဇင်ဘာ၊ ၂၀၂၄
ဆီးရီးယားအစိုးရ ပြုတ်ကျသွားပြီးနောက် ပြည်သူတွေ ပျော်ရွှင်
-
၀၉ ဒီဇင်ဘာ၊ ၂၀၂၄
ဆီးရီးယား အနာဂါတ် လူထုစီမံနိုင်ဟု သမ္မတဘိုင်ဒန် ပြောဆို
-
၀၅ ဒီဇင်ဘာ၊ ၂၀၂၄
ဟားမတ်စ်ဖမ်းဆီးခံ ဓါးစာခံအရေး အစ္စရေးလူထု စိုးရိမ်
Forum