ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်က အကျဉ်းသား ၄ဝဝ လောက်ကို ဒီရက်ပိုင်း အတွင်းမှာပဲ စစ်ကောင်စီက ပြည်မဘက်ကို ရွှေ့ပြောင်းခဲ့တာပါ။ ရွှေ့ပြောင်းခံရသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်သလို အကြမ်းဖက်ပုဒ်မနဲ့ ထောင်ကျနေတဲ့ ရခိုင်အခြေစိုက် DMG သတင်းဌာန သတင်းထောက်နဲ့ ရုံးဝန်ထမ်းလည်း ပါဝင်တယ်လို့ မိသားစုဝင်တွေ က ပြောပါတယ်။ အခုလို အကျဉ်းသားတွေကို ရခိုင်ကနေ တခြားနေရာကို ရွှေ့ပြောင်းတာအတွက် စိုးရိမ်မှုတွေလည်း ရှိနေတာပါ။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
အကြမ်းဖက်လုပ်ငန်းတွေမှာ ပါဝင်တယ်ဆိုပြီး စစ်တွေအကျဉ်းထောင်မှာ ထောင်ချထားရတဲ့ ရခိုင်အခြေစိုက် Development Media Group (DMG)သတင်းဌာနရဲ့ သတင်းထောက်ကိုထက်အောင်နဲ့ ရုုံးဝန်ထမ်းအပါအဝင် တခြားအကျဉ်းသား ၄ဝဝလောက်ကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီကပြည်မဘက်ကို ပြောင်းရွှေ့သွားတယ်လို့ DMGသတင်း ဌာနရဲ့ တာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံက ပြောပါတယ်။
“ စစ်တွေအကျဉ်းထောင်ကနေပြီးတော့ အကျဉ်းသား ၄ဝဝလောက်ကို နှစ်ရက်ပြောင်းတယ် ဆိုပြီးတော့ ကျနော်တို့ ကြားရတယ်၊ ပထမတရက်ကတော့ ၈ရက်နေ့ ညပြောင်းတယ်။ ပြီး တော့ မနေ့က ၉ရက်နေ့ညည့်ရယ် နှစ်ရက်ပြောင်းတယ်ပေါ့နော်။ ပြောင်းရွေ့ခံရတဲ့ သူတွေ ထဲက အများစုကတော့ နို်င်ငံရေး ပုဒ်မတွေနဲ့ ထောင်ကျခံနေရသူတွေလို့ကျနေ်ာတို့ သိရ တယ်။အဲဒီထဲမှာ ကျနော်တို့ သတင်းဌာန သတင်းထောက်နဲ့ ရုံးဝန်ထမ်း သူတို့နှစ်ဦး လည်း ပါသွားတယ်။ သူတို့ကို လက်ရှိမှာ ဘယ်ထောင်ကို ပြောင်းတယ် ဘယ်လိုမျိုးလုပ် ဆောင်နေ တယ် ဆိုတဲ့ အပိုင်းကိုတော့ ဆက်ပြီးတော့ စုံစမ်းနေတုန်းပဲရှိသေးတယ်”
စစ်ကောင်စီအနေနဲ့ စစ်တွေအကျဉ်းထောင်ကနေ အကျဉ်းသားတွေကို ဘာရည်ရွယ်ချက်နဲ့ ဘယ်နေရာကို ို ပြောင်းရွှေ့သွားတယ်ဆိုတာ မသိရတာကြောင့် အတော်စိတ်ပူနေရ တယ်လို့ ထောင်ပြောင်းရွှေ့ခံရတဲ့ သတင်းထောက်ကိုထက်အောင်ရဲ့ မိသားဝင်တဦးက ပြောပါတယ်။
“ မိသားစုဝင်အနေနဲ့ဆိုရင်တော့ တော်တော်လေးကို စိုးရိမ်ပါတယ် သူ့အတွက် ဘယ် နေရာ ကို ပြောင်းတယ်။ ဘယ်ကိုရောက်နေတယ်ဆိုတာလည်းဘာမမသိရဘူးဆိုတော့ မိသားစုဝင် အနေနဲ့တော်တော် စိတ်ပူနေတယ်။ သူဘယ်မှာရှိတယ်ဆိုတာ သိရဖို့လိုတယ်။ အခုမသိရ တော့ အတော်စိုးရိမ်နေပါတယ်ဟုတ်။ ”
စစ်ကောင်စီအနေနဲ့ အခုလို အကျဉ်းသားတွေကို ရခိုင်ကနေ ပြောင်းရွှေ့သွားတာကြောင့် ကိုထက်အောင်အပါအဝင်အကျဉ်းသားတွေရဲ့ အသက်အန္တရယ်အတွက်ပါ စိုးရိမ်နေရ တယ်လို့ DMGသတင်းဌာနာရဲ့ တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံကပြောပါတယ်။
ကိုနေဝင်းစံအသံ။
“ ပြောချင်တာကတော့ အခုလိုပြောင်းရွှေ့ခံလိုက်ရတဲ့ အတွက် သူတို့နဲ့ တွေ့ခွင့်ရဖို့ ခက်ခဲသွား သလို မိသားစုဝင်တွေကလည်း လက်ရှိမှာ စိုးရိမ်နေကြတာရှိတယ်။ ဆိုတော့ မတရားဖမ်းဆီး ခံထားရတဲ့ ကျနော်တို့ သတင်းထောက်အပြင် အခုပြောင်းရွေ့ခံထား ရတဲ့သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် စစ်ကောင်စီကနေပြီးတော့ တာဝန်ခံရမယ်ဆိုတာ ပြောချင်တယ်။ ဒီကိစ္စကို နို်င်ငံတကာအနေနဲ့လည်း အလေးထားပြီးတော့ စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်ခင်မျာ။”
ရခိုင်ပြည်နယ်မှာတပ်စခန်းတွေနဲ့ မြို့နယ်တော်တော်များများ ကို လက်လွတ်ဆုံးရှုံးခံထားရတဲ့ စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်က သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မကြာခဏဆိုုသလို အရပ်သားတွေကို အစုလိုက်အပြုံလိုက်ဖမ်းဆီးထောင်ချတာတွေရှိနေတာပါ။ လက်ရှိမှာလည်း စစ်တွေ အကျဉ်းထောင်က အကျဉ်းသားတွေကို အစုလိုက်အပြုံလိုက်ရွှေ့ပြောင်း လိုက်တာကြောင့် ဖမ်းဆီးမှုတွေ ရှိလာမှာကို စစ်တွေဒေသခံတွေကြား စိုးရိမ်နေကြတယ် လို့လည်း ကိုနေဝင်းစံက ဆက်ပြောပါတယ်။
“ ကျနော့်အမြင်ကတော့ ပထမတခုအနေနဲ့ စစ်ကောင်စီက ရခိုင်မှာ စစ်ရေးအရ အားနည်း တာတွေအများကြီးရှိတယ်။ ဆိုတော့ ဒီအတွက် စစ်ကောင်စီက အကျဉ်းသားတွေကို ပြောင်းထားတယ်လို့ ယူဆလို့ရတယ် နောက်တခုကတော့ စစ်တွေကို တိုက်ခိုက်လာမယ် ဆိုရင် ဆိုပြီး စိုးရိမ်နေတယ်လို့ ကျနော်တို့မှန်းဆလို့ရတယ်။အဲတာကြောင့် ပြောင်းတာဖြစ်နိင်သလို တဘက်မှာလည်း စစ်တွေမြို့တွင်းမှာရှိနေတဲ့ ပြည်သူတွေကို အလုံးအရင်းနဲ့ ဖမ်းဆီးတာတွေကို တော်တော်များများ အရင်က လုပ်ခဲ့တယ်။ ဗျိုင်းဖြူရွာကဆိုရင်လည်း လူရာနဲ့ချီပြီးတော့ ဖမ်းဆီးထောင်ချခံရတာရှိတယ်။ ဒီလိုမျိုး ဆက်ပြီးမလုပ်လာနိုင်ဘူးလို့ ပြောလို့မရဘူး။ဒါကြောင့် စစ်တွေမှာ နေထိ်ုင်သူတွေအနေနဲ့ စိုးရိမ်နေကြတာတွေရှိတယ်ပေါ့နော်။”
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုင်ဝင် ဘာကစပြီး တကြော့ပြန်တို်က်ပွဲစတင်ခဲ့တာဖြစ်ပြီး ဒီကနေ့အထိ ဆက်လက်ပြင်း ထန်နေဆဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း တနေ့ထက်တနေ့ တိုးလာနေတာပါ။ ဒါ့အပြင် စစ်ကောင်စီအနေနဲ့ အရပ်သားတွေ မတရားဖမ်းဆီး ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ အကျဉ်းချတာတွေလည်း ဒီကနေ့အထိရှိနေဆဲဖြစ်ပါတယ်။
Forum