သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IIMM နဲ့ ကုလလူ့အခွင့်ရေးမဟာမင်းကြီးရဲ့ အစီရင်ခံစာ စစ်ကောင်စီဝေဘန်


စစ်ကောင်စီထုတ်ပြန်ချက်။
စစ်ကောင်စီထုတ်ပြန်ချက်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေနဲ့ ဆွေးနွေးမှုတွေမှာ မြန်မာနိုင်ငံဘက်က အပြုသဘော ပူးပေါင်းဆောင်ရွက်မှုတွေကို အသိအမှတ်ပြုဖော်ပြသင့်တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၁၁ ရက်နေ့က စာထုတ်ပြန်ခဲ့ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ရဲ့ စက်တင်ဘာ ၉ ရက်နေ့က ကုလသမဂ္ဂကို တင်ပြတဲ့ အစီရင်စာနဲ့ စက်တင်ဘာ ၂၄ နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာ အပေါ် ဆွေးနွေးချက်တွေကို စစ်ကောင်စီဘက်က အဓိက ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ ဆွေးနွေးပွဲ ၆ ကြိမ် မှာ စစ်ကောင်စီဘက်က ပါဝင် ချေပခွင့် မရတာ အပေါ်မှာလည်း ဝေဖန်ထားပါတယ်။ IIMM ယန္တရားကိုလည်း ပြစ်တင်ထားပြီး နိုင်ငံ တနိုင်ငံတည်းကို ဦးတည်ပြီး နိုင်ငံရေး သဘာနဲ့ ဆုံးဖြတ်ချက် အဆိုကနေ စတင် ဖွဲ့စည်းခဲ့တဲ့ IIMM ယန္တရားကို အရင် စတင်ချိန်ကတည်းက လက်မခံကြောင်း ဖော်ပြထားပြီး အစီရင်ခံစာက ခိုင်မာမှု မရှိတဲ့ အရင်းအမြစ်တွေကို အခြေခံ ကောက်ချက် ဆွဲထားတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာမှာလည်း အတည်မပြုနိုင်တဲ့ အချက်အလက်တွေနဲ့ အထင်အမြင်လွဲမှားစေတဲ့ အချက်တွေအပေါ် အခြေခံတဲ့ စွပ်စွဲချက်တွေဆိုပြီး ဖြေရှင်းထားပါတယ်။ အဲဒီ အစီရင်ခံစာမှာ ပါဝင်တဲ့ အကျဥ်းသားတွေ အပေါ် ပြုမူ ဆက်ဆံပုံနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ စွပ်စွဲချက် တွေကိုလည်း ငြင်းဆိုထားပါတယ်။

ဒီကိစ္စရပ်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ၂၀၂၁ ခုနှစ်ကတည်းက အကျဥ်းထောင်တွေမှာ သွားရောက် စစ်ဆေးပြီး အကြုံပြုနေတယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ အစီရင်ခံစာတွေထဲမှာ ပြည်သူ့ကာကွယ်ရေး တပ် (PDF) နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ အကြမ်းဖက်မှုတွေကိုတော့ လျှော့ပေါ့ ဖော်ပြထားတယ်လို့ စွပ်စွဲပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ Mr. Nicholas Koumjian ရဲ့ စက်တင်ဘာ ၉ ရက်နေ့ က ဂျီနီဗာအခြေစိုက် လူ့အခွင့်အရေးကောင်စီကို တင်ပြရာမှာတော့ မြန်မာပြည်မှာ အာဏာသိမ်း စစ်ကောင်စီ လေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မြင့်တက်လာနေတာကို ထောက်ပြထားပြီး “အရပ်သားတွေဟာ စစ်ကြောင့် မရည်ရွယ်ဘဲ ထိခိုက်တာမျိုး မဟုတ်ဘဲ ဖြစ်ရပ်များစွာမှာ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတယ်” လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG