သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လာတဲ့အပေါ် ကုလကျွမ်းကျင်သူတွေ သတိပေး


စစ်ရေးပြအခမ်းအနား
စစ်ရေးပြအခမ်းအနား

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေကျေမှုတွေ တိုးလာနေတဲ့အပေါ် ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာတာ တွေ့ရကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ Mr. Nicholas Koumjian က ဒီကနေ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို အစီရင်ခံစာ တင်သွင်းရာမှာ ပြောဆိုလိုက်တာပါ။

ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင် အရပ်သား အများအပြား သေဆုံးခဲ့တဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်က လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရက်ပိုင်း အကြာမှာ အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြီးထွားလာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ အတိုက်အခံ လက်နက်ကိုင် အင်အားစုတွေထံ နယ်မြေတွေ လက်လွတ်ဆုံးရှုံးနေချိန်မှာပဲ ပြင်းပြင်းထန်ထန် တုံ့ပြန်မယ့်အကြောင်း စစ်ကောင်စီ အကြီးအကဲက မကြာသေးခင်က ပြောကြားလိုက်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လာခဲ့တာပါ။

တချိန်တည်းမှာပဲ ပဋိပက္ခတွေမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေကို တွေ့ရှိရကြောင်းလည်း IIMM အဖွဲ့က ပြောဆိုခဲ့တာပါ။ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထောင်နဲ့ချီကာ ထိခိုက်လျက်ရှိကြောင်းနဲ့ ပြီးခဲ့တဲ့လအတွင်း ပျံ့နှံ့ခဲ့တဲ့ဗွီဒီယိုတစ်ခုမှာ မြန်မာနိုင်ငံက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ရိုဟင်ဂျာတွေကို ဒရုန်းနဲ့တိုက်ခိုက်မှုတွေဟာ အထူးတုန်လှုပ်ဖွယ်ရာအခြေအနေတွေ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG