သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Dana ဆိုင်ကလုန်းအန္တရာယ်အတွက် အိန္ဒိယကြိုတင်ပြင်ဆင်


အိန္ဒိယနိုင်ငံအရှေ့ပိုင်း Odisha ပြည်နယ်က နာမည်ကျော် Puri ကမ်းခြေ (မေ ၁၂၊ ၂၀၁၉)
အိန္ဒိယနိုင်ငံအရှေ့ပိုင်း Odisha ပြည်နယ်က နာမည်ကျော် Puri ကမ်းခြေ (မေ ၁၂၊ ၂၀၁၉)

အိန္ဒိယနိုင်ငံကို ဒီသီတင်းပတ်နှောင်းပိုင်း ဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့ ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အရှေ့ပိုင်း Odisha ပြည်နယ် နေရာတချို့က စာသင်ကျောင်းတွေ ပိတ်ထားဖို့ ညွှန်ကြားထားပြီး၊ နာမည်ကျော် Puri ကမ်းခြေမှာလည်း ခရီးသွားတွေကို တားမြစ်ထားပါတယ်။

ဘင်္ဂလားပင်လယ်မှာ ရောက်နေတဲ့ Dana ဆိုင်ကလုန်းမုန်တိုင်းဟာ လေတိုက်နှုန်း ၁ နာရီ ၇၄ မိုင်နဲ့ အားကောင်းလာနေပြီး၊ ကြာသပတေးနေ့ ကုန်းတွင်းဝင်ရောက်မယ်လို့လည်း မိုးလေဝသကျွမ်းကျင်သူတွေ ခန့်မှန်းထားတာပါ။ ခရိုင် ၁၄ ခုက စာသင်ကျောင်းတွေကိုတော့ ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့အထိ ပိတ်ထားပြီး၊ ငါးဖမ်းသမားတွေ ပင်လယ်ပြင် မထွက်ဖို့လည်း သတိပေးထားတယ်လို့လည်း ကပ်ဘေးဒဏ်စီမံခန့်ခွဲရေး တာဝန်ရှိသူ တယောက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။ ခရီးသွားတွေနဲ့ ဘုရားဖူးတွေ မကြာခဏ သွားလေ့ရှိတဲ့ Jagannath ဘုရားကျောင်းရှိရာ နာမည်ကျော်ကမ်းခြေ Puri မှာ အလည်အပတ်လာသူတွေ ထွက်ခွာကြဖို့လည်း အာဏာပိုင်တွေ ညွှန်ကြားထားပြီး၊ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေလည်း အသင့်ပြင်ထားပါတယ်။

Odisha ပြည်နယ်မှာ၊ မိုးသည်းထန်တဲ့ အဆင့်ကနေ မိုးပြင်းထန်တဲ့အဆင့်အထိ ရွာသွန်းနိုင်တယ်လို့လည်း မိုးလေဝသကျွမ်းကျင်သူတွေ ခန့်မှန်းထားကြတာပါ။ မုန်တိုင်းကြောင့် အိမ်တွေ၊ လမ်းတွေ၊ သီးနှံတွေ၊ လျှပ်စစ်ဓာတ်အားပေးလိုင်းတွေ ပျက်စီးနိုင်ပြီး၊ ရေကြီး၊ မြေပြိုမှု အန္တရာယ်တွေ ကြုံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG