သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ 5G မိုဘိုင်းတပ်ဆင်ရေး အိန္ဒိယကူမည်


ရခိုင်ပြည်နယ်မြောက်ဦးမြို့က အင်တာနက်ဆက်သွယ်ရေးတာဝါတိုင်တခု၊ ယခင်မှတ်တမ်းဓာတ်ပုံ။
ရခိုင်ပြည်နယ်မြောက်ဦးမြို့က အင်တာနက်ဆက်သွယ်ရေးတာဝါတိုင်တခု၊ ယခင်မှတ်တမ်းဓာတ်ပုံ။

မြန်မာနိုင်ငံမှာ 5G မိုဘိုင်းစနစ်တပ်ဆင်နိုင်အောင် အိန္ဒိယက အကူအညီပေးမယ်လို့ အိန္ဒိယ ကူးသန်း ရောင်းဝယ်ရေးဌာန တွဲဘက်အတွင်းဝန် Siddharth Mahajan က ဗုဒ္ဓဟူးနေ့မှာပြောကြောင်း အိန္ဒိယ Times စီးပွါးရေး သတင်းမှာ ဖေါ်ပြထားပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ လက်ကိုင်ဖုံးအတွက် မြန်နှုန်းမြင့် အင်တာနက်ရအောင်လုပ်ပေးဖို့ 5G မိုဘိုင်းစနစ်ကို ၂၀၂၂ မှာ စတင်တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုတပ်ဆင်အပြီး ၂၁ လအတွင်းမှာပဲ အိန္ဒိယနိုင်ငံတလွှားက ကျေးရွာစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းနဲ့ နိုင်ငံတွင်းဒေသတွေရဲ့ ၉၈ ရာခိုင်နှုန်းမှာ 5G သုံးနိုင်ခဲ့တာပါ။ အခုလို မြန်မာအတွက် 5G တပ်ဆင်ပေးဖို့ကမ်းလှမ်းချက်ဟာ စက်တင်ဘာလကုန်ပိုင်းက နယူးဒေလီမှာကျင်းပတဲ့ အိန္ဒိယ-မြန်မာ ပူးတွဲကုန်သွယ်မှုကော်မတီ JCT ရဲ့ ၈ ကြိမ်မြောက်အစည်းဝေးမှာ တင်ပြခဲ့တာဖြစ်ကြောင်းလည်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မြန်မာကုန်သွယ်ရေးဝန်ကြီးဌာန ညွန်ချုပ် ဦးမြင့်သူရ နဲ့ ပူးတွဲပြုလုပ်တဲ့ ဒီအစည်းဝေးမှာ အထည်အလိပ်လုပ်ငန်း၊ ကျန်းမာရေး၊ လျှပ်စစ်၊ ကုန်စည်ပို့ဆောင် ဆက်သွယ်ရေးလို ကဏ္ဍတွေ မှာပါ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို ကဏ္ဍမျိုးစုံမှာ ၂ နိုင်ငံ အပြန်အလှန် အထောက်အပံ့ပေးပြီး ၂ ဘက် ရေရှည် အကျိုးစီးပွါး ရှိစေဖို့ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မယ် ဆိုတာကို ဆွေးနွေးခဲ့ ကြသလို ၂ ဘက်ကုန်သွယ်ရေးမှာ ရူပီငွေနဲ့ ကျပ်ငွေ ကုန်သွယ်မှုစံနစ်ကို သုံးဖို့ပါ ပြောကြားခဲ့ကြတာပါ။

မြန်မာနိုင်ငံဟာ အာဆီယံ နိုင်ငံတွေထဲမှာ အိန္ဒိယနဲ့ သတ္တမမြောက် ကုန်သွယ်မှု အများဆုံး နိုင်ငံဖြစ်ပြီး ၂၀၂၃-၂၄ မှာ ၂ နိုင်ငံ ကုန်သွယ်မှုဟာ အမေရိကန် ဒေါ်လာ ၁.၇၅ သန်း ရှိခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG