သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သောင်ရင်းမြစ်ဖြတ်ပြီး မြန်မာထဲ အင်တာနက်လိုင်းချိတ်ဖို့ကြံစည်သူကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး


ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကနေ လှမ်းမြင်ရတဲ့ သောင်ရင်းမြစ်တနေရာ (ဧပြီ ၁၂၊ ၂၀၂၄)
ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကနေ လှမ်းမြင်ရတဲ့ သောင်ရင်းမြစ်တနေရာ (ဧပြီ ၁၂၊ ၂၀၂၄)

မြန်မာနိုင်ငံထဲမှာရှိနေတဲ့ အွန်လိုင်းရာဇတ်ဂိုဏ်းတခုအတွက် သောင်ရင်းမြစ်ကိုဖြတ်ပြီး အင်တာနက်လိုင်းချိတ်ဆက်နိုင်ဖို့ ကြိုးစားနေတဲ့ ထိုင်းနိုင်ငံသား အမျိုးသားတဦးကို တနင်္ဂနွေနေ့က ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

မဲဆောက်ခရိုင်နား သောင်ရင်းမြစ်တလျောက် နယ်ခြားစောင့်တပ်နဲ့ ရဲတွေက ပူးပေါင်း ကင်းလှည့်နေစဉ်မှာ ခုလို ဖမ်းမိခဲ့တာပါ။ တရားခံလို့ သံသယရှိသူဟာ အင်တာနက် ကေဘယ်ကြိုးတွေ၊ ဝါယာကြိုးတွေအပါအဝင် အခြားကိရိယာတွေကို ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်မြစ်ဖြစ်တဲ့ သောင်ရင်းမြစ်ရေထဲကနေ ဖြတ်သန်းသယ်ယူလို့ရတဲ့ ရေပေါ်ရှပ်ပြေးဒုံးပျံနဲ့ ပို့ဆောင်ဖို့ကြိုးစားနေစဉ်မှာ အဖမ်းခံခဲ့ရတာပါ။

ထိုင်းနိုင်ငံက တာဝန်ရှိသူတွေဟာ ကမ္ဘောဒီးယားနိုင်ငံထဲကို တရားမဝင် အင်တာနက်လိုင်း သွယ်ယူ သူတွေနဲ့ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို ဖမ်းဆီးနိုင်ရေးအတွက် စစ်ဆင်ရေးတွေဆင်နွှဲနေတာဖြစ်ပြီး ပြီးခဲ့တဲ့ မေလတုန်းကလည်း ရွေကုက္ကိုလ်မြို့ကို ဆက်သွယ်ထားတဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့ပါသေးတယ်။

မြန်မာစစ်ကောင်စီဘက်ကလည်း တရုတ်နဲ့ ပူးပေါင်းပြီး အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေနဲ့ လူကုန်ကူးမှုတွေကို နှိမ်နင်းရေးအတွက် ပူးပေါင်းစစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။

Forum

XS
SM
MD
LG