သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ တရုတ် အင်တာနက်လွတ်လပ်ခွင့် အနိမ့်ကျဆုံး စာရင်းဝင်

Facebook လူမှုကွန်ယက်သုံးစွဲနေသူတဦး (ယခင်ပုံဟောင်း)
Facebook လူမှုကွန်ယက်သုံးစွဲနေသူတဦး (ယခင်ပုံဟောင်း)

မြန်မာနဲ့ တရုတ်နိုင်ငံတွေဟာ ကမ္ဘာမှာ အင်တာနက် လွတ်လပ်ခွင့် အဆိုးရွားဆုံး ချိုးဖေါက်တဲ့နိုင်ငံတွေ ဖြစ်တယ်လို့ Freedom House အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ကမ္ဘာမှာ ဒစ်ဂျစ်တယ် အင်တာနက် လွတ်လပ်ခွင့် ၁၄ နှစ်မြောက် ဆက်တိုက် ကျဆင်းလာနေတယ်လို့လည်း ဒီကနေ့ အောက်တိုဘာ ၁၆ ရက် ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစလို့ အင်တာနက် လွတ်လပ်ခွင့် ဆိုးဆိုးရွားရွားကျဆင်းလာနေတယ်လို့ အစီရင်ခံစာ ပူးတွဲရေးသားသူ Kian Vesteinsson က ပြောပါတယ်။ စစ်ကောင်စီဟာ သတင်းအင်တာနက်စာမျက်နှာတွေကို ဝင်ရောက်ကြည့်ရှုလို့မရအောင် ပိတ်ပင်သလို ဒေသအတော်များများမှာ အင်တာနက် အသုံးပြုလို့မရအောင် ဆောင်ရွက်ထားတယ်လို့လည်း ဆိုပါတယ်။ ဒါဟာ တရုတ်နိုင်ငံမှာလို အင်တာနက် လွတ်လပ်ခွင့် ပြင်းပြင်းထန်ထန် ချိုးဖေါက်ထားတာမျိုး မြန်မာနိုင်ငံဟာ ၁၀ စုနှစ်အတွင်း တရုတ်နိုင်ငံနဲ့ တန်းတူ အဆင့်ကို ရောက်လာတာလို့လည်း အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သတ်ပြီး သဘောထားမှတ်ချက်ပေးဖို့ တရုတ်နဲ့ မြန်မာ စစ်ကောင်စီကို VOA က မေးမြန်းပေမယ့် ပြန်လည် တုန့်ပြန်ဖြေကြားတာမျိုး မရှိပါဘူး။

၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံ ဒါဇင်နဲ့ချီမှာ နိုင်ငံတော်အဆင့် ရွေးကောက်ပွဲတွေ ကျင်းပခဲ့သလို၊ နှစ်မကုန်ခင်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေ လည်း ရှိနေတာပါ။ ဒီလိုအချိန်မှာ ကမ္ဘာတဝန်းလွတ်လပ်မှုကျဆင်းလာတာ စိုးရိမ်စရာကောင်းတယ်လို့ အစီရင်ခံစာ ပူးတွဲရေးသားသူ Kian Vesteinsson က ပြောပါတယ်။ ၂၁ ရာစုမှာ ဒီမိုကရေစီ စံချိန်စံနှုန်းတွေပြည့်မှီဖို့ဆိုရင် အင်တာနက် လွတ်လပ်စွာ အသုံးပြုခွင့်ဟာ အင်မတန် အရေးကြီးပြီး မဲရုံကို သွားပြီး မဲပေးရာမှာ ကိုယ်စားလှယ်လောင်းတွေအကြောင်း အချက်အလက် အပြည့်အစုံ အင်တာနက်မှာ ရှာဖွေဖတ်ရှုနိုင်ဖို့ သိပ်မလွယ်ကူခဲ့ဘူးလို့ Vestiensson က VOA ကို ပြောပါတယ်။

Freedom House အဖွဲ့ကြီးကထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာအတွက် နိုင်ငံပေါင်း ၇၂ နိုင်ငံက အင်တာနက် အသုံးပြုသူပေါင်း ၈၇ ရာခိုင်နှုန်းလောက်ကို မေးမြန်း ပြုစုခဲ့တာပါ။ ဒီထဲက နိုင်ငံပေါင်း ၄၁ နိုင်ငံမှာ နိုင်ငံအဆင့် ရွေးကောက်ပွဲတွေ ဒီနှစ်အတွင်း ကျင်းပခဲ့သလို ကျင်းပဖို့လည်း ရှိနေတာပါ။

မြန်မာနဲ့ တရုတ် အင်တာနက်လွတ်လပ်ခွင့် အနိမ့်ကျဆုံး စာရင်းဝင်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG