သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အင်တာနက်ဟက်ကာအုပ်စုတခုကို ကန်နှိမ်နင်းခဲ့


တရုတ်နိုင်ငံတောင်ပိုင်းက Dongguan မြို့မှာ အမည်မဖော်လိုတဲ့ Red Hacker Alliance က ဆိုက်ဘာရာဇဝတ်မှုကျူးလွန်နေပုံ။ (သြဂုတ် ၄၊ ၂၀၂၀)
တရုတ်နိုင်ငံတောင်ပိုင်းက Dongguan မြို့မှာ အမည်မဖော်လိုတဲ့ Red Hacker Alliance က ဆိုက်ဘာရာဇဝတ်မှုကျူးလွန်နေပုံ။ (သြဂုတ် ၄၊ ၂၀၂၀)

တရုတ်ထိန်းချုပ်တဲ့ အင်တာနက်ထိုးဖောက်ဝင်ရောက်သူဟက်ကာတွေက အမေရိကန် အခြေခံအဆောက်အဦတွေ၊ နောက် အင်တာနက် ချိတ်ဆက်ပစ္စည်းမျိုးစုံကို ထိုးဖောက်ထိန်းချုပ်ရေး botnet လှုပ်ရှားမှုကိုဖော်ဆောင်ခဲ့တာမှာ အမေရိကန်က ဖော်ထုတ်နှိမ်နင်းလိုက်ပါတယ်။

ဝါရှင်တန်မှာ ဗုဒ္ဓဟူးနေ့ကလုပ်တဲ့ ဆိုက်ဘာညီလာခံမှာ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ညွှန်ကြားရေးမှူး Christopher Wray ကတော့ ဒါဟာ တရုတ်အစိုးရရဲ့ လှုပ်ရှားမှုတစိတ်တပိုင်းဖြစ်တဲ့ Flax Typhoon ဖြစ်တယ်လို့ ကြေညာခဲ့တာပါ။

အဖွဲ့အစည်းကြီးတွေမှာရော အဖွဲ့အစည်းငယ်တွေမှာပါရှိတတ်တဲ့ ကင်မရာ၊ ဗွီဒီယိုကင်မရာနဲ့ အချက်အလက်တွေသိမ်းဆည်းတဲ့ ကိရိယာတွေကို Flax Typhone က အပိုင်စီးထိန်းချုပ်ခဲ့ပြီး ဒီလို ထိန်းချုပ်အပိုင်စီးခံရတဲ့ ကိရိယာပစ္စည်းထက်ဝက်လောက်က အမေရိကန်မှာ ဖြစ်တယ်လို့လည်း ညွှန်ကြားရေးမှူး Wray က ပြောပါတယ်။ Integrity Techonology လို့ ခေါ်တဲ့ သတင်းအချက်အလက် လုံခြုံရေးကုမ္ပဏီ လက်အောက်မှာ ဟက်ကာတွေကအလုပ်လုပ်ကြပြီး လုပ်ငန်းကြီးတွေ၊ မီဒီယာအဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေနဲ့ အစိုးရဌာနတွေထံကနေ သတင်းအချက်အလက်တွေကို စုဆောင်းရယူခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ သတင်းပတ်အတွင်းမှာပဲ FBI က မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး Flax Typhoon ရဲ့ လှုပ်ရှားမှုတွေကိုချေမှုန်းခဲ့ပါတယ်။ အမေရိကန်ရဲ့ စွပ်စွဲချက်ကိုတော့ အမေရိကန်ဆိုင်ရာတရုတ်သံရုံးက ဗုဒ္ဓဟူးနေ့မှာငြင်းဆိုပါတယ်။ Flax Typhoon အရေး စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဗွီအိုအေကမေးမြန်းခဲ့တာကိုတော့ တရုတ်သံရုံးပြောခွင့်ရ Liu Pengyu က အမေရိကန်တို့က သက်သေမခိုင်ဘဲ အကြောင်းမဲ့ ကောက်ချက်ချခဲ့ပြီး အခြေအမြစ်မရှိ စွပ်စွဲခဲ့တာလို့ email နဲ့ဖြေကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG