သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရီဇိုးနားပြည်နယ်မှာ သမ္မတဟောင်းထရမ့် ရွေးကောက်ပွဲအနိုင်ရ

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သမ္မတဟောင်း Donald Trump ကို ထောက်ခံအားပေးကြသော Arizona ပြည်နယ်သားများ (REUTERS/Go Nakamura)
အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သမ္မတဟောင်း Donald Trump ကို ထောက်ခံအားပေးကြသော Arizona ပြည်နယ်သားများ (REUTERS/Go Nakamura)

အမေရိကန်သမ္မတ ရွေးကောက်ပွဲ နောက်ဆုံးမဲရလဒ်တွေအရ Arizona ပြည်နယ်မှာ သမ္မတဟောင်း Donald Trump အနိုင်ရကြောင်း အမေရိကန် သတင်းဌာနတွေက တွက်ချက်အတည်ပြုခဲ့ကြတာကြောင့် အကြိတ်အနယ်ယှဉ် ပြိုင်ရမယ်လို့ ခန့်မှန်းထားတဲ့ ပြည်နယ် ၇ ခုစလုံးမှာ ရီပတ်ဘလစ်ကန်ပါတီက အနိုင်ရသွားပါပြီ။

စပိန်စကားပြော တောင်အမေရိက တိုက်သားတွေ အများအပြားနေထိုင်ရာ အမေရိကန် အနောက်တောင်ပိုင်းက Arizona ပြည်နယ်မှာ ဒီမိုကရက် သမ္မတလောင်း ဒုသမ္မတ Kamala Harris ကို အနိုင်ရလိုက်တဲ့အတွက် သမ္မတရွေးချယ်ရေး ပြည်နယ်အထူးကိုယ်စားလှယ်မဲ ၁၁ မဲ ထပ်ရလိုက်ကြောင်း အမေရိကန် သတင်းဌာနကြီးတွေ ဖြစ်ကြတဲ့ CNN နဲ့ NBC တို့က စနေနေ့မှာ အတည်ပြုခဲ့ကြတာပါ။

သမ္မတအဖြစ် အနိုင်ရဖို့ ပြည်နယ်အထူးကိုယ်စားလှယ်မဲ ၂၇၀ လိုအပ်ပြီး၊ နောက်ဆုံးရလဒ်တွေအရ ရွေးကောက်ခံသမ္မတ Trump က ၃၁၂ မဲနဲ့ ဒုသမ္မတ Harris ကတော့၂၂၆ မဲ သာ ရရှိထားပါတယ်း။ သမ္မတဟောင်း Trump ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ လက်ရှိသမ္မတ Joe Biden က Arizona ပြည်နယ်မှာ ကပ်ပြီးအနိုင်ရခဲ့ဖူးပါတယ်။

ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက လွှတ်တော်နေရာတွေကိုလည်း အနိုင်ရခဲ့တာကြောင့် အထက်လွှတ်တော်ကို လူများစုအဖြစ် ထိန်းချုပ်နိုင်တော့မှာ ဖြစ်သလို၊ အောက်လွှတ်တော်မှာလည်း အများစုဖြစ်မယ့် အလားအလာတွေ တွေ့နေရပါတယ်။ အောက်လွှတ်တော်မှာ အများစုနဲ့ ထိန်းချုပ်နိုင်ဖို့ ကိုယ်စားလှယ် ၂၁၈ နေရာ အနိုင်ရဖို့ လိုအပ်ပြီး ရီပတ်ဘလစ်ကန်ပါတီက လတ်တလောမှာ ၂၁၃ နေရာ အနိုင်ရထားတယ်လို့လည်း CNN သတင်းဌာနက တွက်ချက်ထားပါတယ်။

This item is part of

Forum

XS
SM
MD
LG