တခါတလေ အသက်ဘေးက ကပ်ပြီးလွတ်မြောက်တဲ့ ဖြစ်ရပ်တွေ ရှိတတ်ပြီး အခုလည်း အဝေးပြေး လမ်းပြင်လုပ်သား အသက်ဘေးက သီသီလေးလွတ်မြောက်သွားတဲ့ ဗွီဒီယိုကို နယူးယောက်ပြည်နယ် သယ်ယူပို့ဆောင်ရေးဌာနက သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ နိုဝင်ဘာ ၇ ရက် ၂၀၂၄ က တင်ထားပါတယ်။ နယူးယောက်ပြည်နယ် ဝွစ်နီပွိုင့်မြို့မှာ ဖြစ်ပွားခဲ့တဲ့ထိခိုက်မှုလိုမျိုး လမ်းပိုင်းဆိုင်ရာလုပ်သားတွေ အသက်ဆုံးရှုံးရတဲ့ ထိခိုက်မှုတွေ မကြာခဏကြုံရလို့ ကားကို သတိနဲ့မောင်းဖို့ သက်ဆိုင်ရာက ထပ်သတိပေး ထားပါတယ်။
Forum