ယူကရိန်းထိန်းချုပ် Kursk ဒေသက ၄၀ ရာနှုန်း ရုရှားပြန်သိမ်း
ရုရှားတပ်ဖွဲ့တွေရဲ့ တန်ပြန်ထိုးစစ်ကြောင့် ယူကရိန်းဟာ ဩဂုတ်လအတွင်းက သူတို့ လျှပ်တပြက် ဝင်ရောက် သိမ်းယူနိုင်ခဲ့တဲ့ ရုရှားနိုင်ငံ ကာ့ခ်စ် (Kursk) ဒေသထဲက နယ်မြေ ၄၀ ရာခိုင်နှုန်းကျော် ပြန်လည် ဆုံးရှုံးခဲ့ရကြောင်း ယူကရိန်းစစ်တပ် သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာ သောကြာနေ့က ဖော်ပြပါတယ်။