အိမ်ဖြူတော် ခရစ္စမတ်ပင် တပ်မိသားစု ပထမဆုံးကြည့်ခွင့်ရ
အမေရိကန် သမ္မတကတော် ဂျေးလ်ဘိုင်ဒန်က “Season of Peace and Light” "ငြိမ်းချမ်းရေးနဲ့ အလင်းရောင် ရာသီ" ဆိုတဲ့ခေါင်းစဉ်နဲ့ ၂၀၂၄ ခုနှစ်အတွက် အိမ်ဖြူတော် ခရစ္စမတ်အလှဆင်ယင်ထားတာတွေကို ဒီဇင်ဘာ ၂ ရက်နေ့မှာပဲ စတင်ဖွင့်လှစ် ပြသလိုက်ပါတယ်။ သမ္မတကတော်က နိုင်ငံတဝန်းကနေ အိမ်ဖြူတော်ကိုလာပြီး ခရစ္စမတ်အလှဆင်ပေးကြသူတွေကို ကျေးဇူးတင်စကား ပြောခဲ့တာပါ။ သမ္မတဘိုင်ဒန်မိသားစုက လာမယ့်လမှာ အိမ်ဖြူတော်ကနေ ထွက်ခွာရတော့မှာဖြစ်ပြီး "သမ္မတနဲ့ သမ္မတကတော်အဖြစ် နိုင်ငံကို အမှုထမ်းခွင့်ရခဲ့တာ ဂုဏ်ယူစရာအကောင်းဆုံးပါပဲ။ ခရစ္စမတ်ရာသီရဲ့ ငြိမ်းချမ်းရေးနဲ့ အလင်းရောင်က နိုင်ငံတော်အပေါ် သက်ရောက်ပါစေ။ ခရစ္စမတ်နဲ့ ပွဲတော်ရာသီ ပျော်ရွှင်ကြပါစေ" လို့ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ ဇန်နဝါရီ၊ ၂၀၂၅
နဂါးနီနဲ့ ကြောင်နတ်ဘုရား ပုံဖော် ရောင်စုံစပါးခင်း
-
၁၆ ဇန်နဝါရီ၊ ၂၀၂၅
အယ်လ်အေတောမီး ငြိမ်းသတ်နိုင်ဖို့ အကျဉ်းသားတွေ ပံ့ပိုးပါဝင်
-
၁၄ ဇန်နဝါရီ၊ ၂၀၂၅
ဥတုရာသီအရေး ဒါဝင်သင်္ချိုင်းဂူပေါ် ဆန္ဒပြ
-
၀၈ ဇန်နဝါရီ၊ ၂၀၂၅
ဆီးရီးယားအာဏာပြောင်းလဲပြီးနောက် နိုင်ငံတကာလေကြောင်းခရီးစဉ် စတင်
-
၀၈ ဇန်နဝါရီ၊ ၂၀၂၅
ဆမ်ဆောင်း AI အိမ်သုံးပစ္စည်းတွေနဲ့ CSE လျှပ်စစ်ကုန်စည်ပြပွဲ
-
၀၈ ဇန်နဝါရီ၊ ၂၀၂၅
LA မြို့စွန် လူချမ်းသာရပ်ကွက်နား တောမီးနီးလာ
Forum