သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် မြန်မာအနုပညာရှင်များ ဒီစီတရုတ်သံရုံးရှေ့ ဆန္ဒပြ


အမေရိကန်ဆိုင်ရာ တရုတ်သံရုံးရှေ့ ဆန္ဒပြနေကြတဲ့ မြန်မာများ (ဇန်နဝါရီ ၃၊ ၂၀၂၅)
အမေရိကန်ဆိုင်ရာ တရုတ်သံရုံးရှေ့ ဆန္ဒပြနေကြတဲ့ မြန်မာများ (ဇန်နဝါရီ ၃၊ ၂၀၂၅)

တရုတ်အစိုးရအနေနဲ့ မြန်မာ့အရေးမှာ ဝင်ရောက် စွက်ဖက်နေတာတွေ ရပ်ဖို့ မြန်မာ အနုပညာရှင်တွေ ဦးဆောင်ပြီး အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်က တရုတ်သံရုံးရှေ့မှာ ရာသီဥတု ဆိုးရွားနေတဲ့ကြားကပဲ သောကြာနေ့က သံပုံးတွေတီးပြီး စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

တရုတ်အစိုးရဟာ အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံ အားပေးနေပြီး မြန်မာ့အရေးမှာ ဝင်ရောက် စွက်ဖက်နေတာကြောင့် ဒါကို မြန်မာပြည်သူလူထုတွေက လက်မခံဘူးဆိုတာကို ပြသတဲ့အနေနဲ့ ခုလို စုဝေး ဆန္ဒပြကြတာ ဖြစ်တယ်လို့ ဦးဆောင်ဆန္ဒပြတဲ့ အနုပညာရှင်တွေက ပြောပါတယ်။ အခုဆန္ဒပြပွဲဟာ တရုတ်ပြည်သူတွေကို ဆန္ဒပြတာ မဟုတ်ဘဲ မြန်မာစစ်ကောင်စီကို ထောက်ခံပြီး တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးနေတဲ့ တရုတ် ရှီကျင်းပင် အစိုးရကို ဆန့်ကျင် ဆန္ဒပြတာ ဖြစ်တယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

မြန်မာ့အရေးမှာ တရုတ်ရဲ့ စွက်ဖက်မှုကို ဆန့်ကျင် ကန့်ကွက်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု တခုအဖြစ် အနုပညာရှင်တွေ ဦးဆောင်တဲ့ သောကြာနေ့က ဆန္ဒပြပွဲကို ဝါရှင်တန်ဒီစီ၊ မေရီလန်း၊ ဗာဂျီးနီးယား၊ နယူးယောက်၊ မြောက်ကာရိုလိုင်းနား၊ အင်ဒီယားနား၊ ပင်န်ဆဲဗေးနီးယား အပါအဝင် ပြည်နယ် ၁၀ ခုကျော်က မြန်မာ့အရေး လှုပ်ရှားသူတွေ ရာနဲ့ချီ ပါဝင် ဆန္ဒပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG