သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အသက်အကြီးဆုံး ဂျပန်နိုင်ငံသူ ၁၁၆ နှစ်မှာ ကွယ်လွန်

မှတ်တမ်း ဓာတ်ပုံ - ပြီးခဲ့တဲ့ မေလ ၂၃၊ ၂၀၂၄ ခုနှစ်တုန်းက ကမ္ဘာ့အသက်အကြီးဆုံး Tomiko Itooka ဂျပန်နိုင်ငံအနောက်ပိုင်း Ashiya မှာ ၁၁၆ နှစ်မြောက်မွေးနေ့ ကျင်းပခဲ့စဥ်။ ဓာတ်ပုံ - (AP, File)
မှတ်တမ်း ဓာတ်ပုံ - ပြီးခဲ့တဲ့ မေလ ၂၃၊ ၂၀၂၄ ခုနှစ်တုန်းက ကမ္ဘာ့အသက်အကြီးဆုံး Tomiko Itooka ဂျပန်နိုင်ငံအနောက်ပိုင်း Ashiya မှာ ၁၁၆ နှစ်မြောက်မွေးနေ့ ကျင်းပခဲ့စဥ်။ ဓာတ်ပုံ - (AP, File)

ဂင်းနစ် Guinness စံချိန်တင် ကမ္ဘာ့အသက်အရှည်ဆုံး လူသားစာရင်းဝင် အသက် ၁၁၆ နှစ် ရှိပြီဖြစ်တဲ့ ဂျပန်နိုင်ငံသူ Tomiko Itooka ကွယ်လွန်သွားပါပြီ။ဂျပန်နိုင်ငံ အလယ်ပိုင်း Hyogo ဒေသ အရှီယာ မြို့က လူအိုရုံမှာကွယ်လွန်ခဲ့တာ ဖြစ်ကြောင်း မြို့တာဝန်ရှိသူတွေက စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ 

သူမဟာ ၁၉၀၈ ခုနှစ် မေလ ၂၃ ရက်မှာ မွေးဖွားခဲ့သူပါ။ ငှက်ပျောသီးနဲ့ ဂျပန်ဒိန်ချဉ်ဖျော်ရည် ကြိုက်တဲ့ သူမဟာ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကွယ်လွန်ခဲ့တာ ဖြစ်ကြောင်း သက်ကြီးရွယ်အို မူဝါဒဆိုင်ရာ တာဝန်ခံ ယိုရှိစုဂု နာဂါတာ ကပြောပါတယ်။ မနှစ်က အသက် ၁၁၇ နှစ် အရွယ် Maria Branyas ကွယ်လွန်ခဲ့တဲ့ နောက် သူမဟာ ကမ္ဘာမှာ အသက်အကြီးဆုံး ဖြစ်လာကြောင်း Guinness မှတ်တမ်းမှာ ဖေါ်ပြထားပါတယ်။

အိုဆာကာ မှာ မွေးဖွားးခဲ့သူ Itooka ဟာ အထက်တန်းကျောင်းသူ ဘဝက ဘော်လီဘော အားကစားသမားတဦး ဖြစ်သလို ပေ ၁ သောင်းကျော် မြင့်တဲ့ အွန်တာကီ တောင်ကို ၂ ကြိမ် တက်ခဲ့သူပါ။ အသက် ၂၀ မှာ အိမ်ထောင်ပြုခဲ့တဲ့ သူမဟာ သား ၂ ယောက် သမီး ၂ ယောက် မွေးဖွားခဲ့ပြီး ခင်ပွန်းဖြစ်သူ ၁၉၇၉ သေဆုံးသွားချိန်ကစပြီး နာရာမြို့မှာ သူတဦးထည်း နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုကွယ်လွန်ချိန် မှာတော့ သူမမှာ သားတယောက် သမီးတယောက်နဲ့ မြေး ၅ ယောက် ကျန်ရစ်ပါတယ်။

သူမ ကွယ်လွန်သွားတဲ့အတွက် သူမထက် ၁၆ ရက် နောက်ကျပြီးမှ မွေးဖွားခဲ့တဲ့ အသက် ၁၁၆ နှစ် အရွယ် ဘရာဇီးလ် သီလှရှင် Inah Canabarro Lucas က အသက်အကြီးဆုံး လူသား ဖြစ်လာပါပြီ။

ကမ္ဘာ့အသက်အကြီးဆုံး ဂျပန်နိုင်ငံသူ ၁၁၆ နှစ်မှာ ကွယ်လွန်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG