သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက် ၁၁၆ နှစ်အရွယ် ဂျပန်ဖွားဖွား ကမ္ဘာ့အသက် အကြီးအဆုံးအဖြစ် ဂင်းနစ်စံချိန်တင်


အသက် ၁၁၆ နှစ်အရွယ် ဂျပန်နိုင်ငံက Kane Tanaka အမျိုးသမီး (မတ်၊ ၀၉၊ ၂၀၁၉)
အသက် ၁၁၆ နှစ်အရွယ် ဂျပန်နိုင်ငံက Kane Tanaka အမျိုးသမီး (မတ်၊ ၀၉၊ ၂၀၁၉)

အသက် ၁၁၆ နှစ်အရွယ် ဂျပန်နိုင်ငံက Kane Tanaka ဆိုတဲ့ အမျိုးသမီးဟာ ကမ္ဘာပေါ်က သက်ရှိ ထင်ရှားနေထိုင်နေကြတဲ့ သူတွေထဲမှာ အသက်အကြီးအဆုံးအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းထဲကို ဝင်သွားပါတယ်။

သူ့ကို ဂင်းနစ်ကမ္ဘာ့မှတ်တမ်း တာဝန်ရှိသူတွေက ဒီကနေ့မှာ ဖူကူအိုကာမြို့က သူနေထိုင်ရာ ဘိုးဘွားရိပ်သာကို သွားရောက်ပြီးတော့ အခမ်းအနားနဲ့ ဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအခမ်းအနားမှာ ဖူကူအိုကာမြို့တော်ဝန်ရော သူ့မိသားစုတွေပါ အတူရှိနေခဲ့တာဖြစ်ပါတယ်။ Kane Tanaka ဟာ ၂၀၁၉ မတ်လ ၉ ရက်နေ့မှာ အသက် ၁၁၆ နှစ် ၆၆ ရက် နဲ့ ကမ္ဘာပေါ်မှာ အသက်ရှင် နေထိုင်သူတွေထဲမှာ အသက်အကြီးဆုံး ဖြစ်တယ်ဆိုတာကို ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းအစား အတည်ပြု ပြောကြားနိုင်တဲ့အတွက် သူ့အနေနဲ့ အလွန်ပဲ ဝမ်းမြောက်မိတယ်လို့ ဂင်းနစ်မှတ်တမ်းရဲ့ ဒိုင်တဦးဖြစ်တဲ့ Kaori Ishikawa က ပြောပါတယ်။

အခုလိုသူ့ကို လာရောက် အသိအမှတ်ပြုခဲ့တာက သူ့ဘဝမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးဖြစ်ပြီး ကျေးဇူးတင်တယ်လို့လည်း မစ္စတာနာကာ က ပြောပါတယ်။ မစ္စတာနာကာ ကို ၁၉၀၃ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး၊ မွေးချင်း ၈ ယောက် အနက် ၇ ယောက်ဖြစ်ပါတယ်။

သူမဟာ ၁၉၂၂ ခုနှစ်မှာ Hideo Tanaka ကို အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၄ ယောက် မွေးခဲ့ပြီး၊ နောက် ၁ ယောက်ကို မွေးစားခဲ့ပါတယ်။ သူမဟာ မနက် ၆ နာရီဆို အိပ်ရာကနေ ပုံမှန်ထလေ့ရှိပြီး၊ သင်္ချာဘာသာရပ်ကို လေ့လာရတာနဲ့ Othello ဂိမ်းဆော့ရတာ သဘောကျတယ်လို့ ဆိုပါတယ်။

သူမ မတိုင်ခင်က အသက်ရှင် နေထိုင်သူတွေထဲက ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်ကတော့ ဂျပန်အမျိုးသမီး Chiyo Miyako ဖြစ်ပြီး သူမဟာ ပြီးခဲ့တဲ့ ဇူလိုင်လက အသက် ၁၁၇ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ မီယာကို မတိုင်ခင်တစ်ယောက် ကလည်း ဂျပန်လူမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဂင်းနစ် ကမ္ဘာ့စံချိန်အရတော့၊ ကမ္ဘာ့ပေါ်မှာ အသက်အကြီးဆုံး တစ်ယောက်ကတော့ ပြင်သစ်နိုင်ငံသူ Jeanne Louise Calment ဖြစ်ပြီး၊ သူမဟာ အသက် ၁၂၂ အထိ အသက်ရှင် နေထိုင်သွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG