နောက်ဆုံးရသတင်း

HRW အစီရင်ခံစာနဲ့ မြန်မာ့လူ့အခွင့်အရေးအခြေအနေ


HRW အစီရင်ခံစာနဲ့ မြန်မာ့လူ့အခွင့်အရေးအခြေအနေ

No media source currently available

မြန်မာ့အရေးကို ကမ္ဘာကအာရုံစိုက်ဖို့ လိုအပ်နေတယ်လို့ Human Rights Watch လူ့အခွင့်အရေး လေ့လာ၊ စောင့်ကြည့်ရေးအဖွဲ့က ပြောလိုက်ပါတယ်။ အာဆီယံအပါအဝင် နိုင်ငံတကာက လုံလောက်တဲ့ ဖိအားတွေ မပေးခဲ့တာကြောင့် မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် ဆိုးဝါးတဲ့ကျူးလွန်မှုတွေ ဆက်လုပ်နေတာလို့ HRW ရဲ့ ၂၀၂၅ ခုနှစ်အတွက် နိုင်ငံတကာကလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာထုတ်ပြန်ပွဲမှာ ပြောခဲ့ပါတယ်။ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များ အသင်း FCCT မှာ ဒီနေ့ပြုလုပ်တဲ့ အစီရင်ခံစာပါ အာရှနိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေ ရှင်းလင်းပွဲကို မညိုညိုလွင်က သတင်းပေးပို့ထားပါတယ်။

Forum

XS
SM
MD
LG