သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီ FEMA ဖျက်သိမ်းဖို့ သမ္မတထရမ့်စဥ်းစား


ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်းဂျလိဇ်မြို့မှာလောင်တဲ့ တောမီးဒဏ် အခြေအနေကို သွားရောက်လေ့လာတဲ့ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီး မယ်လယ်နီယာထရမ့်။ (အလယ်နှစ်ဦး) (January 24, 2025. Photo by Mandel)
ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်းဂျလိဇ်မြို့မှာလောင်တဲ့ တောမီးဒဏ် အခြေအနေကို သွားရောက်လေ့လာတဲ့ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီး မယ်လယ်နီယာထရမ့်။ (အလယ်နှစ်ဦး) (January 24, 2025. Photo by Mandel)

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က FEMA လို့ အတိုကောက်ခေါ်တဲ့ ပြည်ထောင်စုအဆင့် အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီကို ဖျက်သိမ်းဖို့ စဉ်းစားနေတယ်လို့ ပြောလိုက်ပါတယ်။

ထရမ့်ဟာ သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်းရဲ့ ပထမဆုံးခရီးစဉ်အဖြစ် ဟာရီကိန်း ဟယ်လင် မုန်တိုင်းဒဏ်ကို ပြီးခဲ့တဲ့ လပိုင်းက ခံခဲ့ရတဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်ကို သွားရောက်တဲ့ ခရီးစဥ်အတွင်း သောကြာနေ့က အဲဒီလို မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။

FEMA က တဆင့် ဝါရှင်တန် ဗဟိုအစိုးရအနေနဲ့ ဘဏ္ဍာရေးအကူအညီတွေကို ထောက်ပံ့ပေးမယ့် အစား ပြည်နယ်တွေကို တိုက်ရိုက် ငွေကြေးပေးဆောင်နိုင်တယ်လို့ ထရမ့်ကပြောပါတယ်။ “FEMA က အလွန်စိတ်ပျက်စရာကောင်းသလို ဗျူရိုကရေစီဆန်လွန်းပြီ အလုပ် လုပ်ရာမှာ အရမ်းနှေးကွေးနေတယ်။” လို့ ရီပတ်ဘလီကန်သမ္မတက ဝေဖန်ခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ်တွေကို တုံ့ပြန်ရာမှာ ပြည်ထောင်စုအစိုးရရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့ ထရမ့်က လိုလာနေပြီး ဒါဟာ ရန်ပုံငွေနဲ့ တာဝန်ဝတ္တရားတွေကို လျှော့ချဖို့ အဆိုပြုနေကြတဲ့ ကွန်ဆာဗေးတစ် မဟာမိတ်တွေရဲ့ မှတ်ချက်တွေကို ပဲ့တင် ထင်ဟပ်နေတာလည်း ဖြစ်ပါတယ်။


“သဘာဝဘေးအန္တရာယ်တွေကို ပြည်နယ်တွေကပဲ တာဝန်ခံ ဆောင်ရွက်တာကို မြင်ချင်တယ်”လို့ မုန်တိုင်းဒဏ် ပြန်လည်ထူထောင်ရေး အခြေအနေလေ့လာတဲ့ မြောက်ကာရိုလိုင်းနား ခရီးစဥ်မှာ ထရမ့်က ပြောပါတယ်။

ပြည်နယ်တွေကပဲ တော်နေဒိုး လေဆင်နှာမောင်း၊ ဟာရီကိန်း မုန်းတိုင်းနဲ့ တခြား သဘာဝဘေးတွေကို တာဝန်ယူဖြေရှင်းဖို့ သူက ဆိုပါတယ်။

မြောက်ကယ်ရိုလိုင်းနား ခရီးစဥ်နဲ့အတူ တဆက်တည်း ထရမ့် ဆက်သွားခဲ့တဲ့ တောမီးဒဏ်ခံနေရတဲ့ ကယ်လီဖိုးနီးယား ပြည်နယ်မှာတော့ ဒီမိုကရက်တစ်ခေါင်းဆောင်တွေက ထရမ့်က ဆိုင်းငံ့ထားမယ့်လို့ ခြိမ်းခြောက်ထားတဲ့ ဖက်ဒရယ်အကူအညီကို ပေးဖို့ ဖိအားပေးနေပါတယ်။

ထရမ့်ဘက်ကလည်း ဒါကို တုံ့ပြန်တဲ့အနေနဲ့ မီးဘေးသင့် လူတွေ ချက်ချင်း ပြန်လည်ထူထောင်ရေး လုပ်နိုင်ဖို့ အတွက် ခွင့်ပြုမိန့် ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးဖို့ ဒေသဆိုင်ရာတာဝန်ရှိသူတွေကို တန်ပြန်ဖိအားပေးနေပါတယ်။

Forum

XS
SM
MD
LG