သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းလုံခြုံရေး သမ္မတ Trump ကတိမပြု


ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်။
ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နဲ့ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီး လက်ရှိ ဖြစ်ပွါးနေဆဲ ယူကရိန်းစစ်ပွဲနဲ့ ၂ နိုင်ငံ ကုန်သွယ်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတ တရမ့်က ဥရောပနိုင်ငံတွေအပေါ် အခွန်တိုးကောက်ခံဖို့ ခြိမ်းခြောက်နေသလို၊ ဥရောပ လုံခြုံရေးအတွက် အမေရိကန်အပေါ် သိပ်အားမကိုးဖို့ ပြောဆိုနေချိန်မှာ အခုလို ခေါင်းဆောင် ၂ ဦး တွေ့ဆုံကြတာ ဖြစ်ပါတယ်။

သူတို့ ၂ ဦး မတွေ့ဆုံခင်က သမ္မတထရမ့်က ယူကရိန်းနဲ့ ရုရှားတို့ အပစ်ရပ်အောင် အားဖြည့်ပေးမယ့် ဥရောပ ငြိမ်းချမ်းရေးထိန်း တပ်တွေကို အမေရိကန်က ပံ့ပိုးဖို့ အဆိုပြုတာ အပါအဝင် ယူကရိန်း လုံခြုံရေးအတွက် အာမ မခံသေးပါဘူး။ ဗြိတိန်ဝန်ကြီးချုပ်ကတော့ ဒီလို လုပ်ဆောင်စေချင်နေတာဖြစ်ပါတယ်။

ဥရောပမဟာမိတ် နိုင်ငံတွေ ကြားမှာလည်း ယူကရိန်းကို တပ်သား ဆက်ပြီး စေလွှတ်ရေးနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲနေဆဲ ဖြစ်ပါတယ်။ ဗြိတိန်က ပြင်သစ်ဦးဆောင် တင်ပြတဲ့ အဆိုပြုချက်ကို သဘောတူပေမယ့် ပိုလန် အပါအဝင် တခြားနိုင်ငံတွေက လက်မခံကြပါဘူး။ ဗြိတိန်ဝန်ကြီးချုပ်ကလည်း ဒီငြိမ်းချမ်းရေး သဘောတူညီချက်အတွက် အမေရိကန်က ထောက်ခံ ပံ့ပိုးပေးမှသာ ဗြိတိန်က လက်ခံမှာ ဖြစ်ကြောင်း ပြောနေတာ ဖြစ်ပါတယ်။

ရုရှားသမ္မတ Vladimir Putin ကတော့ ယူကရိန်းကို ငြိမ်းချမ်းရေးထိန်း တပ်တွေ စေလွှတ်မယ့် ဘယ် အကြံပြုချက်ကိုမှ လက်မခံကြောင်း ကြာသပတေးနေ့မှာပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းလုံခြုံရေး သမ္မတ Trump ကတိမပြု
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG