သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယႏိုင္ငံ ကိုဗစ္ကာကြယ္ေဆးထုတ္လုပ္လႈဒါန္းမႈမ်ား ျပန္စမယ္


အႏိၵယမွာ ကိုဗစ္ကာကြယ္ေဆး Covishield ထုတ္လုပ္စဥ္

(Zawgyi/Unicode)

ကမာၻေပၚ မွာ အမ်ားဆုံး ကာကြယ္ေဆး ထုတ္လုပ္တဲ့ အိႏၵိယ ႏိုင္ငံ က ကို႐ိုနာ ဗိုင္းရပ္စ္ ကာကြယ္ေဆး ကို ေအာက္တိုဘာလ မွာ ပိုမို ထုတ္လုပ္ တင္ပို႔ၿပီး လႉဒါန္းမယ္ လို႔ အိႏၵိယ က်န္းမာေရး ဝန္ႀကီး က တနလၤာေန႔ က ေျပာလိုက္ပါတယ္။ ထုတ္လုပ္မႈေတြ က ဧၿပီလ မွာ ကိုဗစ္ ေရာဂါ ကူးစက္တာ တက္လာခဲ့ၿပီးတဲ့ေနာက္ ရပ္ဆိုင္းခဲ့တာပါ။

COVID 19 ေရာဂါ တိုက္ဖ်က္ဖို႔အတြက္ ကမာၻ ကို ေပးထားတဲ့ ကတိကဝတ္ ကို အိႏၵိယ က ကာကြယ္ေဆး ပိုမိုထုတ္လုပ္ၿပီး ျဖည့္ဆည္းမွာ ျဖစ္တယ္ လို႔ ဝန္ႀကီး Mansukh Mandaviya က ဆိုပါတယ္။ ဒါေပမဲ့ အိႏၵိယ ႏိုင္ငံသားေတြ ကို ကာကြယ္ေဆး ထိုးေပးေရး က အိႏၵိယ ရဲ႕ ထိပ္ဆုံး ဉီးစားေပး ျဖစ္ပါတယ္ လို႔ သူ က ဆက္ ေျပာပါတယ္။

ကမာၻအတြက္ ကာကြယ္ေဆး ထုတ္ရာမွာ အိႏၵိယ ကို အဓိက ထုတ္လုပ္သူ အျဖစ္ ေမွ်ာ္လင့္ခဲ့ၾကၿပီး၊ ကုလသမဂၢ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ကာကြယ္ေဆး ရရွိမႈ ဆိုင္ရာ မွ်တ၊ တန္းတူေရး အစီအစဥ္၊ အဂၤလိပ္လို အတိုအားျဖင့္ COVAX အတြက္ အဓိက ႏိုင္ငံ အျဖစ္ ေမွ်ာ္လင့္ထားတာပါ။ ထုတ္လုပ္မႈ ရပ္ဆိုင္းမသြားမီ က အိႏၵိယ ႏိုင္ငံ ဟာ တိုင္းျပည္ေပါင္း ၁၀၀ နီးနီး ကို ကာကြယ္ေဆး အလုံးေရ ၆၆ သန္း ေရာင္းခဲ့ ဒါမွမဟုတ္ လႉခဲ့ပါေသးတယ္။ ျပန္လည္ ထုတ္လုပ္ရာမွာ ၂ ဆ ထုတ္လုပ္ခဲ့ၿပီး၊ ေအာက္တိုဘာ လ မွာ ေဆး အလုံးေရး သန္း ၃၀၀ အထိ ထုတ္လုပ္ႏိုင္လိမ့္မယ္ လို႔ ေမွ်ာ္လင့္ထားေၾကာင္း ဝန္ႀကီး က ေျပာပါတယ္။ ခု အခါမွာ Serum Institute of India ဟာ AstraZeneca ကာကြယ္ေဆး ကို တစ္လ အလုံးေရ သန္း ၁၅၀ ထုတ္လုပ္ေနပါတယ္။ (1:15)

အိႏၵိယ ႏိုင္ငံ မွာ လူသန္းေပါင္း ၁၄၀၀ ရွိၿပီး၊ ကာကြယ္ေဆး သန္းေပါင္း ၈၀၀ ေက်ာ္ ထိုးေပးၿပီး ျဖစ္ပါတယ္။ ေဆးတစ္လုံး ရၿပီးသူ လူႀကီး လူဉီးေရ ရဲ႕ ၆၂ %၊ ႏွစ္လုံး ရၿပီးသူ ၂၂ % ရွိပါတယ္။

....................................................................................

တိုက္႐ိုက္ လင့္ခ္


အိန္ဒိယနိုင်ငံ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်လှုဒါန်းမှုများ ပြန်စမယ်

(Unicode)

ကမ္ဘာပေါ် မှာ အများဆုံး ကာကွယ်ဆေး ထုတ်လုပ်တဲ့ အိန္ဒိယ နိုင်ငံ က ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး ကို အောက်တိုဘာလ မှာ ပိုမို ထုတ်လုပ် တင်ပို့ပြီး လှူဒါန်းမယ် လို့ အိန္ဒိယ ကျန်းမာရေး ဝန်ကြီး က တနင်္လာနေ့ က ပြောလိုက်ပါတယ်။ ထုတ်လုပ်မှုတွေ က ဧပြီလ မှာ ကိုဗစ် ရောဂါ ကူးစက်တာ တက်လာခဲ့ပြီးတဲ့နောက် ရပ်ဆိုင်းခဲ့တာပါ။

COVID 19 ရောဂါ တိုက်ဖျက်ဖို့အတွက် ကမ္ဘာ ကို ပေးထားတဲ့ ကတိကဝတ် ကို အိန္ဒိယ က ကာကွယ်ဆေး ပိုမိုထုတ်လုပ်ပြီး ဖြည့်ဆည်းမှာ ဖြစ်တယ် လို့ ဝန်ကြီး Mansukh Mandaviya က ဆိုပါတယ်။ ဒါပေမဲ့ အိန္ဒိယ နိုင်ငံသားတွေ ကို ကာကွယ်ဆေး ထိုးပေးရေး က အိန္ဒိယ ရဲ့ ထိပ်ဆုံး ဉီးစားပေး ဖြစ်ပါတယ် လို့ သူ က ဆက် ပြောပါတယ်။

ကမ္ဘာအတွက် ကာကွယ်ဆေး ထုတ်ရာမှာ အိန္ဒိယ ကို အဓိက ထုတ်လုပ်သူ အဖြစ် မျှော်လင့်ခဲ့ကြပြီး၊ ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားတဲ့ ကာကွယ်ဆေး ရရှိမှု ဆိုင်ရာ မျှတ၊ တန်းတူရေး အစီအစဉ်၊ အင်္ဂလိပ်လို အတိုအားဖြင့် COVAX အတွက် အဓိက နိုင်ငံ အဖြစ် မျှော်လင့်ထားတာပါ။ ထုတ်လုပ်မှု ရပ်ဆိုင်းမသွားမီ က အိန္ဒိယ နိုင်ငံ ဟာ တိုင်းပြည်ပေါင်း ၁၀၀ နီးနီး ကို ကာကွယ်ဆေး အလုံးရေ ၆၆ သန်း ရောင်းခဲ့ ဒါမှမဟုတ် လှူခဲ့ပါသေးတယ်။ ပြန်လည် ထုတ်လုပ်ရာမှာ ၂ ဆ ထုတ်လုပ်ခဲ့ပြီး၊ အောက်တိုဘာ လ မှာ ဆေး အလုံးရေး သန်း ၃၀၀ အထိ ထုတ်လုပ်နိုင်လိမ့်မယ် လို့ မျှော်လင့်ထားကြောင်း ဝန်ကြီး က ပြောပါတယ်။ ခု အခါမှာ Serum Institute of India ဟာ AstraZeneca ကာကွယ်ဆေး ကို တစ်လ အလုံးရေ သန်း ၁၅၀ ထုတ်လုပ်နေပါတယ်။ (1:15)

အိန္ဒိယ နိုင်ငံ မှာ လူသန်းပေါင်း ၁၄၀၀ ရှိပြီး၊ ကာကွယ်ဆေး သန်းပေါင်း ၈၀၀ ကျော် ထိုးပေးပြီး ဖြစ်ပါတယ်။ ဆေးတစ်လုံး ရပြီးသူ လူကြီး လူဉီးရေ ရဲ့ ၆၂ %၊ နှစ်လုံး ရပြီးသူ ၂၂ % ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG