သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက် ၁၀၂ နှစ်ပြည့် ဖက်ရှင်ဘွားအေကြီး


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာတွေ့ရတဲ့ ဖက်ရှင်ဘွားအေကြီး Iris Apfel (စက်တင်ဘာ ၅၊ ၂၀၁၇)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာတွေ့ရတဲ့ ဖက်ရှင်ဘွားအေကြီး Iris Apfel (စက်တင်ဘာ ၅၊ ၂၀၁၇)

အမေရိကန်ဖက်ရှင်ဘွားအေကြီး Iris Apfel အိုင်းရစ် အက်ပ်ဖယ်လ် ဩဂုတ်လ ၂၈ ရက်နေ့က အသက် ၁၀၂ နှစ်ပြည့်သွားခဲ့ပါတယ်။ မွေးနာမည် အိုင်းရစ် ဘဲလ်ရယ်လ်ဖြစ်ပြီး နယူးယောက်မြို့၊ ကွင်းစ်အရပ်မှာ ၁၉၂၁ ခုနှစ်မှာ မွေးဖွားတာပါ။ စီးပွားရေးလုပ်ငန်းရှင် Carl Apfel ကားလ် အက်ပ်ဖယ်လ်နဲ့ ၁၉၄၈ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၁၉၅၀ ခုနှစ်မှာတော့ သူတို့ ဇနီးမောင်နှံ Old World Weavers ဆိုတဲ့ အကောင်းစားပိတ်စကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ကားလ် အက်ပ်ဖယ်လ်က အသက် ၁၀၀ အရွယ် ၂၀၁၅ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၁၀၁ နှစ် မွေးနေ့ မရောက်ခင်လေးမှာ ကွယ်လွန်သွားတာပါ။

နယူးယောက်မြို့မှာကျင်းပတဲ့ Fashion from International Concepts Spring Summer 2017 ပြပွဲအတွင်း Iris Apfel ရဲ့ဒီဇိုင်းကို ပြသနေစဉ် (စက်တင်ဘာ ၇၊ ၂၀၁၆)
နယူးယောက်မြို့မှာကျင်းပတဲ့ Fashion from International Concepts Spring Summer 2017 ပြပွဲအတွင်း Iris Apfel ရဲ့ဒီဇိုင်းကို ပြသနေစဉ် (စက်တင်ဘာ ၇၊ ၂၀၁၆)

ဘွားဘွားကြီး အိုင်းရစ် အက်ပ်ဖယ်လ်က အိမ်တွင်းအလှဆင်လုပ်ငန်းနဲ့ ဖက်ရှင်လုပ်ငန်းတွေကို နှစ်တွေ အကြာကြီးလုပ်ခဲ့တာပါ။ သူက ကြော်ငြာတွေမှာလည်း ပါခဲ့ပြီးနောက် သူ့ကို နာမည်ကျော် IMG မော်ဒယ်အေဂျင်စီက မော်ဒယ်လုပ်ဖို့ စာချုပ်ချုပ်ခဲ့ပါတယ်။ အဲ့အချိန်မှာ သူ အသက် ၉၇ နှစ်ရှိပါပြီ။ ဖက်ရှင်ကျ အဝတ်အစားတွေနဲ့ အမြဲလှပနေတဲ့သူ့ရဲ့ ပရိသတ်မနည်းမနောရှိပါတယ်။ သူ့ရဲ့ အင်စတာဂရမ်လူမှုကွန်ရက်စာမျက်နှာမှာ ပရိသတ် ၂.၇ သန်း ရှိပြီး၊ ၂၀၁၈ ခုနှစ်ကတော့ "Iris Apfel: Accidental Icon" အိုင်းရစ် အက်ပ်ဖယ်လ်၊ မတော်တဆ နာမည်ကျော်သူဆိုတဲ့ သူ့အတ္ထုပတ္တိစာအုပ် ထွက်ခဲ့တာပါ။ အဲဒီနှစ်မှာပဲ ဘာဘီအရုပ်မ ထုတ်လုပ်တဲ့ Mattel မတ်တယ်လ် ကုမ္ပဏီက သူ့ရဲ့ပုံ အရုပ်မ ထုတ်လုပ်ခဲ့ပါတယ်။

XS
SM
MD
LG