သံုးရလြယ္ကူေစသည့္ Link မ်ား

ျမန္မာ့အေရး ႏိုးေဆာ္ခဲ့တဲ့ ဖက္ရွင္ဒီဇုိင္းဖန္တီးသူ မအင္ၾကင္းစံ


ဖက္ရွင္ဒီဇိုင္း ဖန္တီးသူ တေယာက္အေနနဲ႔ သူတတ္ကၽြမ္းတဲ့ ပညာရပ္နဲ႔ ျမန္မာ့အေရး ကမာၻက ပို သိေစခ်င္သလို၊ တခ်ိန္တည္းမွာလည္း အာဏာသိမ္းမႈ တႏွစ္ေက်ာ္လာေပမဲ့ ျပည္သူေတြ ေသြးေအး မသြားဘူးဆိုတာ ျပဖို႔ရည္ရြယ္ျပီး ဖက္ရွင္ဒီဇိုင္းတခ်ိဳ႕ ဖန္တီးခဲ့တယ္လို႔ ဖက္ရွင္ဒီဇုိင္းဖန္တီးသူ မအင္ၾကင္းစံက ေျပာပါတယ္။

[Zawgyi/Unicode]

ျမန္မာ့အေရး ႏိုးေဆာ္ခဲ့တဲ့ ဖက္ရွင္ဒီဇုိင္းဖန္တီးသူ မအင္ၾကင္းစံ (အမ်ိဳးသမီးက႑)

ဖက္ရွင္ဒီဇိုင္း ဖန္တီးသူ တေယာက္အေနနဲ႔ သူတတ္ကၽြမ္းတဲ့ ဖက္ရွင္ဒီဇိုင္း ပညာရပ္နဲ႔ ျမန္မာ့အေရး ကမာၻက ပို သိေစခ်င္သလို၊ တခ်ိန္တည္းမွာလည္း ျမန္မာျပည္တြင္းက ျပည္သူေတြနဲ႔ တသားတည္း ရွိေနေၾကာင္းနဲ႔ အာဏာသိမ္းမႈ တႏွစ္ေက်ာ္လာေပမဲ့ ျပည္သူေတြ ေသြးေအး မသြားဘူးဆိုတာကို ျပသဖို႔ရည္ရြယ္ျပီး သူ႔ရဲ႕ ဖက္ရွင္ဒီဇိုင္းေတြကို ဖန္တီးခဲ့တယ္လို႔ ဖက္ရွင္ဒီဇုိင္းပညာရွင္ မအင္ၾကင္းစံက ေျပာပါတယ္။ ျမန္မာ့႐ိုးရာ ခ်ိတ္အဆင္ေတြ သံုးျပီး ဖန္တီးခဲ့တဲ့ သူ႔ရဲ႕ ႏုိင္ငံတကာ အဆင့္မီ ဖက္ရွင္ဒီဇိုင္း ၀တ္စံုေတြကိုေတာ့ New York Fashion Week လို႔ ေခၚတဲ့ နာမည္ၾကီး နယူးေယာက္ ဖက္ရွင္သီတင္းပတ္အတြင္း စက္တင္ဘာလ ၁၀ ေန႔က ျပသခဲ့ပါတယ္။ ဒီရိႈးပြဲမွာပဲ စစ္အာဏာရွင္ကို လက္မခံေၾကာင္းနဲ႔ ျမန္မာျပည္သူေတြ အတြက္ တရားမ ွ်တမႈ ေတာင္းဆိုတဲ့ စာတမ္းေတြကို ေမာ္ဒယ္ေတြက ကိုင္ေဆာင္ျပီး ျမန္မာ့အေရး ေထာက္ခံမႈ ျပခဲ့ၾကပါတယ္။ ဒီဖက္ရွင္ရိႈးပြဲ အေၾကာင္းနဲ႔အတူ မအင္ၾကင္းစံရဲ႕ဖန္တီးမႈေတြနဲ႔ပတ္သက္လုိ႔ မခင္ျဖဴေထြးက ဆက္သြယ္ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ တင္ဆက္ထားပါတယ္။

========================================

[Unicode]

မြန်မာ့အရေး နိုးဆော်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်းဖန်တီးသူ မအင်ကြင်းစံ (အမျိုးသမီးကဏ္ဍ)

ဖက်ရှင်ဒီဇိုင်း ဖန်တီးသူ တယောက်အနေနဲ့ သူတတ်ကျွမ်းတဲ့ ဖက်ရှင်ဒီဇိုင်း ပညာရပ်နဲ့ မြန်မာ့အရေး ကမ္ဘာက ပို သိစေချင်သလို၊ တချိန်တည်းမှာလည်း မြန်မာပြည်တွင်းက ပြည်သူတွေနဲ့ တသားတည်း ရှိနေကြောင်းနဲ့ အာဏာသိမ်းမှု တနှစ်ကျော်လာပေမဲ့ ပြည်သူတွေ သွေးအေး မသွားဘူးဆိုတာကို ပြသဖို့ရည်ရွယ်ပြီး သူ့ရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီးခဲ့တယ်လို့ ဖက်ရှင်ဒီဇိုင်းပညာရှင် မအင်ကြင်းစံက ပြောပါတယ်။ မြန်မာ့ရိုးရာ ချိတ်အဆင်တွေ သုံးပြီး ဖန်တီးခဲ့တဲ့ သူ့ရဲ့ နိုင်ငံတကာ အဆင့်မီ ဖက်ရှင်ဒီဇိုင်း ဝတ်စုံတွေကိုတော့ New York Fashion Week လို့ ခေါ်တဲ့ နာမည်ကြီး နယူးယောက် ဖက်ရှင်သီတင်းပတ်အတွင်း စက်တင်ဘာလ ၁၀ နေ့က ပြသခဲ့ပါတယ်။ ဒီရှိုးပွဲမှာပဲ စစ်အာဏာရှင်ကို လက်မခံကြောင်းနဲ့ မြန်မာပြည်သူတွေ အတွက် တရားမ ျှတမှု တောင်းဆိုတဲ့ စာတမ်းတွေကို မော်ဒယ်တွေက ကိုင်ဆောင်ပြီး မြန်မာ့အရေး ထောက်ခံမှု ပြခဲ့ကြပါတယ်။ ဒီဖက်ရှင်ရှိုးပွဲ အကြောင်းနဲ့အတူ မအင်ကြင်းစံရဲ့ဖန်တီးမှုတွေနဲ့ပတ်သက်လို့ မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

XS
SM
MD
LG