သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စေ့စပ်ဆွေးနွေးရန် မြန်မာစစ်အစိုးရကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တိုက်တွန်း


မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးဆိုင်ရာ ပြောဆို ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ စစ်အစိုးရကို တောင်း
ဆိုခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စား
လှယ်ပေါ်လို ဆာဂျီယို ပင်ညဲရိုးက ပြောပါတယ်။

စက်တင်ဘာလအတွင်း ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြ
သူတွေကို စစ်အစိုးရက အကြမ်းနှိပ်ကွပ်ခဲ့မှုတွေကို
မြန်မာနိုင်ငံမှာ သွားရောက်စုံစမ်းခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အခုအပတ် အစောပိုင်း
က အစီရင်ခံစာ တင်သွင်းခဲ့ပြီး ဒီအစီရင်ခံစာအပေါ်
စစ်အစိုးရရဲ့ တုန့်ပြန်ချက်ကို သူ့အနေနဲ့ စိတ်ပျက်မိတယ်လို့ ဗီအိုအေ မြန်မာပိုင်းနဲ့
ပြုလုပ်တဲ့ မေးမြန်းခန်းမှာ မစ္စတာ ပင်ညဲရိုးက ပြောကြားခဲ့ပါတယ်။

မစ္စတာပင်ညဲရိုးရဲ့ အစီရင်ခံစာထဲမှာ ပြီးခဲ့တဲ့ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၃၁ ယောက် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပြီး ဒီအရေအတွက်ဟာ စစ်အစိုးရက တရားဝင်
ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေထက် နှစ်ဆခန့် ပိုများပါတယ်။

အမေရိကန်သမ္မတ ဂျော့ဂျ် ဘုရှ်ကလည်း နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဆောင်ရင် မြန်မာ စစ်အစိုးရအပေါ် ပိုမို တင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ အမေရိကန်နိုင်ငံက ဦးဆောင်ပြုလုပ်သွားမယ်လို့ သတိပေး ပြောကြားထားပါတယ်။

XS
SM
MD
LG