သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကျောက်မျက်ရတနာများကို နိုင်ငံတကာ သပိတ်မှောက်နေသည့်ကြားမှ ကျောက်မျက်ရောင်းချပွဲ လုပ်ရန် စစ်အစိုးရ ကြေညာ


မြန်မာပြည်က ကျောက်မျက်ရတနာများ တင်သွင်းမှု ပိတ်ပင်ရေး နိုင်ငံတကာက လှုံ့ဆော်နေတဲ့ကြားကပဲ မြန်မာစစ်အစိုးရက ကျောက်မျက်ရတနာ ရောင်းချပွဲတစ်ရပ်
ဇန်နဝါရီလအတွင်း ထပ်လုပ်အုံးမယ်လို့ ကြေညာလိုက်ပါတယ်။

ဒီမိုကရေစီရေး ကြိုးပမ်းမှုကို ဆန့်ကျင်တဲ့ စစ်အစိုးရအား ပိတ်ဆို့မှုလို့ အဓိပ္ပါယ်ရတဲ့ Jade ခေါ် မြန်မာပြည်က ကျောက်မျက်ရတနာများ အမေရိကန်နိုင်ငံတွင်း တင်သွင်းမှု ပိတ်ပင်တဲ့ ဥပဒေကြမ်းတစ်ရပ်ကို အောက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီး မကြာခင် အထက်လွှတ်တော်မှာလည်း အလားတူ မဲခွဲအတည်ပြုမယ့် အခြေအနေမျိုးမှာ စစ်အစိုးရက ရန်ကုန်မှာ ဇန်နဝါရီလ ၁၅ ရက်ကနေ ၁၉ ရက်နေ့အထိ ကျောက်မျက်ရတနာ ရောင်းချပွဲ ပြုလုပ်သွားမယ်လို့ သောကြာနေ့ထုတ် ကြေးမုံ သတင်းစာမှာ ပါရှိပါတယ်။

အမေရိကန်နိုင်ငံတွင်းသို့ မြန်မာ့ကျောက်မျက်ရတနာတွေကို တတိယနိုင်ငံမှာ သွေးပြီး တင်သွင်းနေတဲ့ ယိုပေါက်လည်း ဒီဥပဒေကြမ်းကြောင့် ပိတ်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကျောက်စိမ်းနဲ့ အဖိုးတန်ကျောက်များစွာ ထွက်ပြီး ကမ္ဘာ့ပတ္တမြား အားလုံးရဲ့ ၉၀ % လောက်နီးပါး မြန်မာပြည်က ထွက်တယ်လို့ ဆိုပါတယ်။

ဒီ ကျောက်မျက်ရတနာ ရောင်းချပွဲကနေ စစ်အစိုးရအတွက် အဓိက ဝင်ငွေရစေပြီး
လွန်ခဲ့တဲ့ နိုဝင်ဘာလ ရောင်းချပွဲက ဒေါ်လာ သန်း ၁၅၀ လောက် ရရှိခဲ့ကြောင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ ရဟန်းရှင်လူ ပြည်သူလူထုကို အကြမ်းဖက်နှိမ်နှင်းတဲ့အတွက် ကျောက်မျက်ရတနာ ကုမ္ပဏီများနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းများက မြန်မာပြည်က ကျောက်မျက်ရတနာများ သပိတ်မှောက်ကြဖို့ တိုက်တွန်းနေကြောင်း စသဖြင့် သတင်းများမှာ ပါရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG