အနာဂတ်မြန်မာ ဒီမိုကရေစီနိုင်ငံကို ပုံဖော်မယ့် အရေးကြီးတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲတဲ့နေရာမှာ မြန်မာပြည်က နိုင်ငံရေးအင်အားစုတွေ
အားလုံးပါဝင်နိုင်ဖို့ လုပ်ဆောင်ပါလို့ မြန်မာစစ်အစိုးရကို ကုလသမဂ္ဂအပါအ၀င် ကမ္ဘာ့ နိုင်ငံတော်တော်များများက အခုအချိန်အထိ တိုက်တွန်းနေပါတယ်။ ဒါပေမယ့် မြန်မာ
စစ်အစိုးရက ဥပဒေမူကြမ်းရေးဆွဲရေးမှာ လုံလောက်တဲ့လူတွေရှိနေပြီ၊ ပြည်တွင်း
ပြည်ပက ဒီကိစ္စကို ထပ်ပါစရာမလိုဘူးဆိုပြီး မူကြမ်းရေးဆွဲရေးကော်မရှင်ဖွဲ့ပြီး စတင်
ရေးဆွဲနေပါပြီ။ ဒီလိုနည်းနဲ့ ရှေ့ဆက်သွားရင် မြန်မာနိုင်ငံမှာ တကယ်ပဲ ဒီမိုကရေစီ နိုင်ငံဖြစ်လာနိုင်ပါ့မလားဆိုတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့က ၀န်ကြီး ဦးဘိုလှတင့်နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
ဒု-ဥက္ကဋ္ဌ ကိုယဉ်ထွေးတို့အမြင်တွေကို ကိုကျော်အောင်လွင် ဆက်သွယ်မေးမြန်း တင်ပြ
ထားပါတယ်။
မြန်မာပြည် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရဲ့ အဆုံးသတ်ဟာ တိုင်းပြည်အတွက် ဘယ်လိုအကျိုးရှိမယ်လို့ ဦးဘိုလှတင့်တို့ တွက်ပါသလဲ။
“အခြေခံဥပဒေဆိုတာ ပြည်သူလူထုအကျိုးစီးပွား၊ တိုင်းပြည်အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ဖို့ ရေးကြရတာဖြစ်ပါတယ်။ လူတစုရဲ့ အကျိုးစီးပွား၊ အာဏာရှင်တစုရဲ့ အကျိုးစီးပွားအတွက် ရေးတဲ့ဟာကို အခြေခံဥပဒေလို့ မခေါ်ပါဘူး။ ပြည်သူလူထုအကျိုး
စီးပွားနဲ့ တိုင်းပြည်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ပြဋ္ဌာန်းရတဲ့ ဥပဒေများမှာ ပြည်သူလူထုပါဖို့လည်းမလိုဘူး၊ တိုင်းပြည်အကျိုးအတွက် ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားတဲ့ပုဂ္ဂိုလ်တွေလည်း ပါဖို့မလိုဘူးဆိုတာကိုက ပြည်သူလူထုအကျိုး
စီးပွားနဲ့ တိုင်းပြည်ရဲ့အကျိုးစီးပွားကို ဦးတည်နေတာမဟုတ်ဘူးလို့ ဝေဖန်ရမှာဖြစ်ပါ
တယ်”
လူ့ဘောင်သစ်ပါတီ ဒု-ဥက္ကဋ္ဌ ကိုယဉ်ထွေးကရော မြန်မာစစ်အစိုးရက အခုလို ရှေ့ ဆက်သွားနေတဲ့လုပ်ရပ်တွေအပေါ်မှာ ဘယ်လိုသုံးသပ်ပါသလဲ။
“ကုလသမဂ္ဂကတောင်းဆိုထား၊ ပြောထားတာတွေနဲ့ တလမ်းစီလုပ်နေတဲ့အတွက်
ကြောင့် ဒီ Constitution ထွက်လာတော့လည်း ကုလသမဂ္ဂအပါအ၀င် ကမ္ဘာ့အဖွဲ့
အစည်းတွေရဲ့ တရားဝင်အသိအမှတ်ပြုမှုကို ရမှာမဟုတ်ပါဘူး။ ပြဿနာတွေက
ပိုရှုပ်နေမှာပဲ”
ဒါပေမယ့် တကယ့်တကယ်တမ်းမှာ မြန်မာစစ်အစိုးရက ဒီမိုကရေစီဖော်ဆောင်ဖို့ဆိုပြီး
သူ့ရဲ့လမ်းညွှန် ၇ ချက်အတိုင်း တဆင့်ပြီးတဆင့် တက်သွားနေတော့ လမ်းအဆုံး
၇ ဆင့်ပြီးသွားတဲ့အခါ မြန်မာပြည်ဟာ ပုံစံတခုနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ အခြေ
အနေရှိမယ်လို့ မထင်ဘူးလားခင်ဗျ။
“ဒီ Constitution ပြီးသွားတာနဲ့ ချက်ချင်းတော့ ဖြစ်လာမှာမဟုတ်ဘူး။ ဒီ Constitution
က ပြုပြင်တဲ့အဆင့်တွေ အများကြီးထပ်ဖြစ်လာဦးမှာပဲ။ ကျနော်ဆိုလိုတဲ့ ရှုပ်ထွေးမှု
ဖြစ်စဉ်ဆိုတာ အဲဒါလည်းပါတယ်။ တချိန်ချိန်မှာတော့ သူက ဒီ Constitution အတိုင်း ဆက်သွားလို့ရမှာ မဟုတ်ပါဘူး။ ကာလတခုမှာတော့ ဒါကိုပြင်ဖို့ ဖြစ်ကိုဖြစ်လာမယ်။ သိမ်သိမ်မွေ့မွေ့နဲ့ဖြစ်မလား၊ တခြားပုံစံတခုနဲ့ ဖြစ်မလားဆိုတာကတော့ ဘယ်သူမှ
မပြောနိုင်ဘူးလို့ ကျနော်ထင်ပါတယ်။ ဒီတိုင်းတော့ ဘယ်လိုမှသွားလို့မရဘူး၊ ဒီမိုကရေ
စီနိုင်ငံကို ဒီ Constitution နဲ့ကတော့ ဘယ်လိုမှသွားလို့မရဘူး”
ကိုယဉ်ထွေးဆိုလိုတဲ့သဘောက မြန်မာစစ်အစိုးရက သူချမှတ်ထားတဲ့ လမ်းညွှန်မြေပုံ
၇ ချက်ကို လမ်းဆုံးတဲ့အထိ ရောက်အောင်သွားနိုင်မှာမဟုတ်ဘူးလို့ ပြောချင်တာလား
ခင်ဗျ။
“အဲလိုလည်း မဟုတ်ပါဘူး။ လမ်းဆုံးတဲ့အထိ ရောက်အောင်သွားနိုင်မယ်၊ မသွားနိုင်
ဘူးဆိုတာလည်း အတိအကျပြောလို့မရပါဘူး။ သူသတ်မှတ်ထားတဲ့ လမ်းဆုံးအောင် ရောက်တယ်ဆိုရင်လည်း အဲဒါ ဒီမိုကရေစီနိုင်ငံ ဖြစ်မလာနိုင်ဘူး”
ဒီကိစ္စကို ဦးဘိုလှတင့်ဘက်ကရော ဘယ်လိုမြင်ပါသလဲ။
“ဒီမိုကရေစီရဲ့ အခြေခံကျတဲ့ ပြည်သူလူထုရဲ့ အခန်းကဏ္ဍနဲ့ ပြည်သူလူထုရဲ့ အခြေခံ ဥပဒေရေးဆွဲတဲ့နေရာမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အခန်းကဏ္ဍတွေကိုတောင် အသိ
အမှတ်ပြုရဲတဲ့ သတ္တိနဲ့ အတွေးအခေါ် မရှိဘဲနဲ့ ဒီမိုကရေစီကို အသွင်သဏ္ဌာန်တခုနဲ့ သွားနိုင်တယ်ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ကျနော်ဒီလိုပဲ ရဲရဲပြောရဲပါတယ်။
“နအဖဦးတည်နေတာက ဖြစ်နိုင်မယ်ဆိုရင် ဒီ Constitution အရ စစ်အာဏာရှင်စနစ်
ကို အထောက်အပံ့ပြုစေဖို့နဲ့ စစ်တပ်က ဥပဒေရဲ့အထက်မှာ နေနိုင်ဖို့ကို ကြိုးပမ်းမှုပဲ
ဖြစ်ပါတယ်။ စစ်တပ်ရဲ့အခြေခံဥပဒေကို အာဆီယံနိုင်ငံ၊ တရုတ်နိုင်ငံတွေ တချို့က အသိအမှတ်ပြုသည်ဖြစ်စေ ဗမာပြည်သူလူထုရဲ့ ကျေနပ်ရောင့်ရဲမှု၊ ပါဝင်ပတ်သက်မှု၊ ထောက်ခံအားပေးမှုကို နအဖရမှာ မဟုတ်ပါဘူး။ ဒီလိုပဲ ဒီမိုကရေစီကို အပြည့်အဝ
ယုံကြည်ကြတဲ့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ထောက်ခံမှုကို
လည်း ရမှာမဟုတ်ပါဘူး”
“သူ့ကိုထောက်ခံတဲ့နိုင်ငံတွေရှိမယ်၊ သူ့ကိုထောက်ခံတဲ့ပြည်သူတွေရှိမယ်၊ ပြည်သူထဲက
တချို့ပေါ့၊ အဲဒါကို သူအကြောင်းပြုပြီးတော့ တနည်းနည်းနဲ့ Constitution ကိုတော့ အတည်ပြုလို့ရတယ်။ ဒီ Constitution က ဒီမိုကရေစီကိုဖော်ဆောင်တဲ့ Constitution
ဖြစ်မလား၊ ဒီမိုကရေစီကို အာမခံတဲ့ Constitution ဖြစ်မလား၊ တိုင်းရင်းသား သာတူ
ညီမျှမှုကို အာမခံတဲ့ Constitution ဖြစ်မလား ဆိုတာကတော့ ဒီပုံစံအတိုင်း လုံးဝမဖြစ်
နိုင်ဘူးလို့ ကျနော်ပြောတာ။ Constitution တခုကတော့ဖြစ်နိုင်တယ်။ အဲဒီ
Constitution က ဘယ်လိုလူကို အကာအကွယ်ပေးသလဲ၊ ဘယ်လိုလူတွေရဲ့ အကျိုး
စီးပွားလဲဆိုတာတော့ ကျနော်တို့က ကြည့်ရမယ်။ အခုအတိုင်း သေချာတာကတော့ စစ်အာဏာရှင်လူတစုရဲ့ အကျိုးစီးပွား ဖြစ်နေတာကိုး”
မူဝါဒ ၇ ချက်အပြီးမှာ ဖြစ်ပေါ်လာမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်နဲ့ ဒီမို ကရက်တစ်အရပ်သားပုံစံ အစိုးရနဲ့ အုပ်ချုပ်တာဟာ လက်ရှိစစ်တပ်က အုပ်ချုပ်တာ
ထက် ပိုပြီးတော့ မြန်မာပြည်သူတွေအတွက် ကောင်းတယ်လို့ရော ပြောလို့မရဘူး
လား။
“အဲဒီအခြေခံနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အခုဟာက စစ်တပ်က တိုက်ရိုက်အုပ်ချုပ်
တယ်။ ဟိုဟာက အပေါ်ယံအားဖြင့် အရပ်သားအစိုးရဖြစ်လာမယ်။ ဒါမျိုးကတော့
ပြောလို့ရပါတယ်။ အဆိုးနှစ်ခုကို နှိုင်းယှဉ်မယ်ဆိုရင်တော့ အဆိုးအပျော့နဲ့ အပြင်း
ပေါ့ဗျာ။ ဒါ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ကျနော်တို့ အဓိကပြောနေတာက
တိုင်းပြည်ရဲ့ လက်ရှိ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ တိုင်းရင်းသားအရေး အစရှိတဲ့
ပြဿနာတွေကို ဖြေရှင်းဖို့ အကောင်းဆုံး အခြေခံတရပ်ကို ပြောတာကိုး။ ကျနော်
တို့က အဆိုးတွေထဲကနေ အဆိုးအကောင်း၊ အဆိုးအပြင်းကို ရွေးတာမဟုတ်ဘူး။ ဒီမိုကရေစီအင်အားစု ခေါင်းဆောင်တွေပြောနေတာက တကယ့် တိုင်းပြည်ရဲ့ ပကတိ
ပြဿနာတွေကို ဖြေရှင်းနိုင်မယ့်လမ်းကြောင်းကိုသွားတဲ့ အခြေခံအကျဆုံး၊ အကောင်း
ဆုံးဟာကို ပြောနေတာလေ။ အဲဒါက ကျနော်တို့ရဲ့ပန်းတိုင်ကိုး”
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၀န်ကြီး ဦးဘိုလှတင့်နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဒု-ဥက္ကဋ္ဌ ကိုယဉ်ထွေးတို့ ဝေဖန်သုံးသပ်သွားတာ
ဖြစ်ပါတယ်။