ပါလက်စတိုင်း စစ်သွေးကြွတွေက အီဂျစ်နဲ့ ပါလက်စတိုင်း နယ်စပ်တံတိုင်းကို ဗုံးခွဲ ဖျက်ဆီးပြီးတဲ့နောက်ပိုင်းမှာ ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းလူမျိုးတွေဟာ အီဂျစ်နိုင်ငံထဲကို အလုံးအရင်းနဲ့ ၀င်ရောက်လာကြပါတယ်။
ပါလက်စတိုင်းလူမျိုးတွေ အနေနဲ့ လက်နက်တွေ မကိုင်ဆောင်လာသ၍ အီဂျစ်ထဲကို ၀င်ခွင့်ပြုဖို့ နယ်ခြားစောင့် တပ်တွေကို သူအမိန့်ပေးထားတဲ့အကြောင်း အီဂျစ်သမ္မတ အော်စတီမူဘာရက်က ကိုင်ရိုမှာ သတင်းထောက်တွေကို ပြောပါတယ်။
အခုလို နယ်စပ်ဖြတ်ကျော်မှုကနေ လက်နက်နဲ့ အကြမ်းဖက်သမားတွေ စိမ့်ဝင်လာနိုင်တဲ့အတွက် စိုးရိမ်ရတဲ့အကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ အိမ်ဖြူတော် ပြောခွင့်ရ Dana Parino ကအခုလို နယ်စပ်ဖောက်ခွင်းပြီး ဖြတ်ကျော်မှုအတွက် အမေရိကန် သမ္မတ ဘုရှ်ဟာ အင်မတန်မှ စိုးရိမ်မကင်း ကြောက်ကြမှုဖြစ်ရတဲ့အကြောင်း ပြောကြားပါတယ်။