မတ်လ ၈ ရက် စနေနေ့ဟာဆိုရင် ကုလသမဂ္ဂရဲ့ အမျိုးသမီးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ အမျိုးသမီးများ နေ့ ဖြစ်ပါတယ်။ ဒီ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ BWU မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး မတင်တင်ညို က - လက်ရှိ မြန်မာပြည်တွင်းက အမျိုးသမီးတွေရဲ့ အခြေအနေနဲ့ အမျိုးသမီးရေးရာအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြထားတာကို အခုတပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။