သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်မြို့မှာ အိုလံပစ် မီးရှုးတိုင်ကို မြန်မာ့အရေး လှုပ်ရှားသူတွေ ကန့်ကွက်မယ်လို့ ပြော


ဘေဂျင်းအိုလံပစ် မီးရှုးတိုင် မနက်ဖန် လန်ဒန်မြို့ အစိုးရရုံးစိုက်ရာ ဒေါင်းနင်းလမ်းကို ဖြတ်တဲ့အခါမှာ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများက ကန့်ကွက်ဆန္ဒဖို့ ပြင်ဆင်နေကြပါပြီ။

Burma Campaign UK နဲ့ တခြား အဖွဲ့အစည်းများနဲ့ မြန်မာအသိုင်းအ၀ိုင်းက ရက်စက် ကြမ်းကြုပ်တဲ့ စစ်အစိုးရကို တရုတ်က ထောက်ခံနေတာကို မီးမောင်းထိုးပြတဲ့ အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြကြမယ်လို့ သတင်းထုတ်ပြန် ကြေညာပါတယ်။

မြန်မာစစ်အစိုးရကို တရုတ်က လက်နက် ထောက်ပံ့ အကာအကွယ်ပေး၊ ငွေးကြေး ကူညီပုံကိုလည်း သူတို့က ထောက်ပြထားပါတယ်။ တရုတ်က အဲဒီလို စီးပွားရေး၊ နိုင်ငံရေးနဲ့ ကူညီထောက်ပံ့မှုတွေကြောင့်လည်းပဲ မြန်မာပြည်မှာ ဗိုလ်ချုပ်ကြီးတွေ အာဏာရနေတာလို့လည်း ဆိုပါတယ်။

လန်ဒန်မြို့မှာ မီးရှုးတိုင် ငြိမ်းချမ်းစွာ ဖြတ်သန်း သွားလာရေးအတွက် ရဲတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် ချထားမယ်၊ တခြား အဖွဲ့အစည်း အတော်များများကလည်းပဲ ကန့်ကွက် ဆန္ဒပြသမားများ စေလွှတ်ထားတယ် ဆိုတာသိထားရတယ်လို့ ဗြိတိသျှ အစိုးရ တာဝန်ခံများက ပြောကြားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG