မတ်လ ၂၉ ရက် ဇင်ဘာဘွေ သမ္မတ ရွေးကောက်ပွဲ ရလဒ်များ ချက်ချင်း ထုတ်ပြန်ပေးဖို့ မိမိတို့ရဲ့ ဦးတိုက် လျှောက်ထားချက်ကို တရားရုံးချုပ်က မနက်ဖြန်ကျမှ ကြားနာမယ်လို့ အတိုက်အခံ MDC ပါတီက ဆိုပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ကို ရလဒ်များ ချက်ချင်း ကြေညာခိုင်းဖို့ တရားရုံးချုပ်ကို MDC ပါတီက ရှေ့နေများအသွား ဒီကနေ့ ရဲက ပိတ်ဆို့ထားပါတယ်။
သီးခြား လွတ်လပ်တဲ့ အကဲခတ်သမားများက MDC ခေါင်းဆောင် မော်ဂန် ရှန်ဂရိုင်း (Morgan Tsvangarai) က လက်ရှိသမ္မတ မူဂါဘီ (Mugabe) ထက် မဲ ပိုရပေမယ်လို့ နောက်တကြော့ ပြိုင်ရဦးမယ် ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်ကတော့ အနိုင်အရှုံး မကြေညာသေးပါဘူး။
ရှန်ဂရိုင်းကတော့ သူ မဲ ၅၀ % နိုင်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။