သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်သတင်းထောက် သေဆုံးပုံ မှတ်တမ်းတင်သူ ပူလစ်ဇာဆုရ


ရွှေဝါရောင်လှုပ်ရှားမှုလို့ ထင်ရှားတဲ့ သံဃာ
တော်တွေရဲ့ မေတ္တာပို့ကြွချီပွဲကာလတွေ
အတွင်း သတင်းရယူနေတဲ့ ဂျပန်သတင်းစာ
ဆရာကို လုံခြုံရေးအာဏာပိုင်တွေရဲ့ ပစ်ခတ် တာခံလိုက်ရပုံကို မှတ်တမ်းဓာတ်ပုံရိုက်ယူခဲ့
တဲ့ ရိုက်တာစ်သတင်းဌာနရဲ့ ဓာတ်ပုံဆရာ
ကမ္ဘာကျော် ပူလစ်ဇာဆု ရရှိခဲ့ပါတယ်။ ဆုရရှိ
တဲ့ အကြောင်းနဲ့အတူ ဂျပန်သတင်းစာဆရာ သေဆုံးတဲ့ကိစ္စနဲ့ပတ်သက်လို့ နောက်ဆက် တွဲအခြေအနေတွေကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကမ္ဘာတဝှမ်းက ထူးထူးခြားခြား စွမ်းဆောင်နိုင်တဲ့ သတင်းစာဆရာတွေကို ချီးမြှင့်တဲ့ ပူလစ်ဇာဆုရှင်တွေထဲမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာတော်တွေနဲ့ လူထုလှုပ်ရှားမှု
တွေကို အာဏာပိုင်တွေဘက်က အကြမ်းဖက်နှိမ်နင်းစဉ် ဂျပန်သတင်းထောက် ခန်းဂျိ
နာဂါအိ (Kenji Nagai) သေနတ်ထိမှန် သေဆုံးခဲ့တဲ့ပုံကို မှတ်တမ်းဓာတ်ပုံ ရိုက်ယူနိုင်
ခဲ့တဲ့ ပါကစ္စတန်နိုင်ငံဖွား ရိုက်တာစ်သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် မစ္စတာ
အဒရီးစ် လာတစ်ဖ် (Adrees Latif) တယောက်လည်း အပါအဝင် ဖြစ်ခဲ့တာပါ။ အသက်
၃၄ နှစ်အရွယ်ရှိတဲ့ မစ္စတာ အဒရီးစ်လာတစ်ဖ်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ
အခြေစိုက်ပြီး အာရှတလွှားက သတင်းတွေကို ရယူနေခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက
ရွှေဝါရောင်လှုပ်ရှားမှုလို့ တင်စားခေါ်ဝေါ်တဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ လူထု
လှုပ်ရှားမှုကာလအတွင်း ရိုက်တာစ်သတင်းဌာနအတွက် ဓာတ်ပုံသတင်းတွေ ရယူခဲ့
တာဖြစ်ပါတယ်။

ဒီအထဲက ကမ္ဘာတလွှားမှာ အံ့သြတုန်လှုပ်သွားစေတဲ့ ဂျပန်ဓာတ်ပုံသတင်းထောက်
ခန်းဂျိ နာဂါအိ လုံခြုံရေးအာဏာပိုင်တွေ ပစ်ခတ်တာခံခဲ့ရလို့ လမ်းပေါ်မှာ လဲကျနေတဲ့
ပုံလည်း အပါအဝင်ဖြစ်ခဲ့တာပါ။ ဒီလို ဘဝတူ ဓာတ်ပုံသတင်းထောက်တဦး သေဆုံးခဲ့ရ
တဲ့ဖြစ်ရပ်ကို ကမ္ဘာကသိအောင် တင်ပြနိုင်ခဲ့လို့ ရှားရှားပါးပါး သတင်းထူးဓာတ်ပုံ
ရိုက်ကူးနိုင်သူအဖြစ် သူ့ကို ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကို သတင်းမီဒီယာတွေကတဆင့် မြင်တွေ့ခဲ့ကြလို့ တုန်လှုပ်ချောက်ချားခဲ့သူတွေထဲမှာ ဂျပန်နိုင်ငံသားတွေလည်း ပါဝင်ခဲ့တာပါ။

“မနှစ်က ၉ လပိုင်း ၂၇ ရက်နေ့ ခန်းဂျိနာဂါအိ အသတ်ခံရတုန်းက အဲဒီဓာတ်ပုံ၊ ဗွီဒီယို
ဆိုတာ ကျနော်တို့လည်း ကြည့်ပြီးတော့ ဂျပန်သတင်းမီဒီယာက လူတယောက်အနေနဲ့
အရမ်းကို တုန်လှုပ်ချောက်ချားမိပါတယ်။ ခုန ပူလစ်ဇာဆုရတဲ့ ဓာတ်ပုံဆရာရိုက်တဲ့
ပုံတွေကလည်း တကမ္ဘာလုံးကို ဗမာစစ်အစိုးရဆိုတာ ဘယ်လောက်ရက်စက်တယ်
ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။ ဒါ သမိုင်းဝင်ဓာတ်ပုံဖြစ်ခဲ့တယ်ဆိုတော့ ဆုရသင့်
တယ် ထင်ပါတယ်။ ဒါပေမယ့် တဖက်မှာတော့ ဒီကိစ္စ ဗမာအစိုးရ ဘယ်လောက်
ရက်စက်တယ်ဆိုတာကိုပြတဲ့ဟာက အခုထက်ထိ ဗမာအစိုးရက ဘာမှ စုံစမ်းပေးခြင်း
မရှိဘဲနဲ့ ဆက်ပြီးလည်း ပြည်သူလူထုကို နှိမ်နင်းနေတယ်ဆိုတာကို သိရတော့ ကျနော်
တို့အနေနဲ့ ဝမ်းနည်းပါတယ်။”

ဂျပန်သတင်းစာဆရာတဦးလည်းဖြစ် မြန်မာ့အရေးလေ့လာနေသူ တဦးလည်းဖြစ်တဲ့
မစ္စတာ တာနာဘဲ ခေါ် ဦးရွှေဘ ဖြစ်ပါတယ်။ ဒီလို ဂျပန်ဓာတ်ပုံသတင်းထောက် ခန်းဂျိ
နာဂါအိ သေဆုံးမှုကြောင့် ဂျပန်-မြန်မာ ဆက်ဆံရေးမှာလည်း အဖုအထစ်တွေ ဖြစ်ခဲ့ရ
သလို ဂျပန်အစိုးရဘက်က ဒါကို စုံစမ်းစစ်ဆေးပေးဖို့၊ နောက် သေဆုံးသူ သတင်း
ထောက်ရဲ့ ကင်မရာနဲ့ ဓာတ်ပုံတွေကို ပြန်ပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မာစစ်အစိုးရဘက်က ဆောင်ရွက်ပေးတာတွေ မရှိသေးဘူးလို့လည်း ဦးရွှေဘက
ပြောပါတယ်။

“ပြီးခဲ့တဲ့ ၆ ရက်နေ့က လူထုစည်းဝေးပွဲကို ဂျပန်မှာလုပ်ပါတယ်။ အဲဒါကတော့ မနှစ် ကိုးလပိုင်းကိစ္စက အခု ခြောက်လကြာခဲ့ပါပြီ။ နောက်တခုက နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲ မေလမှာ လုပ်မယ်ဆိုတာ
တိုက်တိုက်ဆိုင်ဆိုင် ဗမာ့လူ့အခွင့်အရေးပြဿနာ၊ ဒီမိုကရေစီပြဿနာနဲ့ပတ်သက်ပြီး
လူထုစည်းဝေးပွဲ ကျင်းပတဲ့အခါ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းက ရှားရှားပါးပါး
အစည်းအဝေးကို တက်ရောက်ခဲ့တယ်။ အဲတော့ ခုနကိစ္စ ဘယ်လိုဖြစ်နေပြီလဲလို့
မေးလိုက်တဲ့အခါ ဘာမှရတာမရှိသေးဘူး။ ကင်မရာကလည်း ပြန်မရသေးဘူး။ ဖြစ်ရပ်မှန်ဖော်ထုတ်ဖို့ဆိုတာလည်း ဗမာစစ်အစိုးရက မလုပ်ရသေးဘူး။ ဒါပေမယ့် ဂျပန်အစိုးရအနေနဲ့တော့ စိတ်ရှည်လက်ရှည်နဲ့ ဆက်လုပ်သွားဖို့ရှိတယ်လို့ ပြောပြပါ
တယ်။ ပြောမယ်ဆိုရင်တော့ ဂျပန်အစိုးရရဲ့ တောင်းဆိုချက်တွေကို ဗမာစစ်အစိုးရက
ဘာတခုမှ ဖြေကြားခြင်းမရှိသေးဘူးလို့ ကျနော်တို့ ကြားရပါတယ်။”

ဂျပန်သတင်းစာဆရာ သေဆုံးခဲ့တာကို ရိုက်တာစ်သတင်းဌာနရဲ့ ဓာတ်ပုံသတင်း
ထောက်က မှတ်တမ်းတင်နိုင်ခဲ့ပေမယ်လို့ အခုအချိန်အထိ အမှုမှန် မဖော်ထုတ်နိုင် သေးတဲ့အကြောင်း ဂျပန်သတင်းစာဆရာတဦးလည်းဖြစ်၊ မြန်မာ့အရေး လေ့လာနေ
သူ တဦးလည်းဖြစ်တဲ့ မစ္စတာ တာနာဘဲ ခေါ် ဦးရွှေဘက မှတ်ချက်ပေး ပြောဆိုသွား
တာပါ။

အခုဆုရရှိသွားခဲ့တဲ့ ဓာတ်ပုံဆရာ အဒရီးစ် လာတစ်ဖ်ဟာ သူဆုရရှိခဲ့တဲ့ ဒီဓာတ်ပုံ
ရိုက်ကူးခဲ့တာနဲ့ ပတ်သက်လို့ ပြန်ပြောင်းရေးသားထားရမှာ စက်တင်ဘာကာလ
အတွင်း ၄ ရက်တာ ရန်ကုန်မြို့က သူ့အတွေ့အကြုံတွေထဲက ခန်းဂျိနာဂါအိကို စစ်သား
တဦးက အနီးကပ်ပစ်သတ်တာ ခံလိုက်ရတာကို သူမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့တာနဲ့
ပတ်သက်လို့ အသေးစိတ်ဖော်ပြခဲ့ပြီး ပစ်ခတ်မှုဟာ သူဓာတ်ပုံရိုက်ကူးနေတုန်း
၂ စက္ကန့်အတွင်း ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ပူလစ်ဇာဆုရှင် အဒရီးစ်လာတစ်ဖ်ဟာ
အခုအခါ နီပေါနိုင်ငံက ပြဿနာတွေ ကြုံနေရတဲ့ ရွေးကောက်ပွဲ သတင်းယူဖို့
ရောက်ရှိနေတာမို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။ အခု
နှစ်အတွက် သတင်းစာလောကက နောက်ထပ် ပူလစ်ဇာဆုရှင်တွေထဲမှာတော့ အမေ ရိကန်ပြည်ထောင်စုက ထင်ရှားတဲ့ သတင်းစာကြီးတွေဖြစ်ကြတဲ့ ဝါရှင်တန်ပို့စ်၊ နယူး ယောက်ခ်တိုင်းမ်၊ ရှီကာဂို ထရီဗျူး၊ ဘော်စတွန် ဂလုဘ်တို့လည်း ပါဝင်ခဲ့တာ
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG