သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မေလ၁၀ရက်ကျင်းပမယ့် ဆန္ဒခံယူပွဲအတွက် အဆင်သင့်ဖြစ်ကြပြီလား


၁၄ နှစ်ကြာရေးဆွဲထားခဲ့ရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ကို လာမယ့်မေလ ၁၀ ရက်နေ့ကျရင် ပြည်လုံး ကျွတ်ဆန္ဒခံ ယူပွဲကျင်းပပြီး အတည်ပြု မယ်မပြုဘူး ဆုံးဖြတ်မယ်လို့မြန်မာစစ်အစိုးရက ဒီကနေ့ညပိုင်းမှာပဲ ရေဒီယိုနဲ့ရုပ်မြင်သံကြား တွေကနေ့ကြေညာခဲ့ပါတယ်။

မဲပေးကြမယ့်မြန်မာပြည်သူတွေအနေနဲ့အဆင်သင့်ဖြစ်နေကြပြီလား။ ၁၉၉၀ရွေးကောက် ပွဲတုန်းက အနိုင်ရထားပြီးတော့ ရွေးကောက် ပွဲ ရလာဒ်ကို ဘာမှမခံစားရသေးတဲ့ NLD ပါတီဘက်ကရော ဘာ တွေ ပြင်ဆင်ထားပြီလဲ ဆိုတာကိုသိရအောင်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကို ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်းပြီးတင်ပြပေးပါမယ်။

ဦးဉာဏ်ဝင်းခင်ဗျား။ မဲပေးရမယ့်ရက်ကိုသိရပြီဆိုတော့ ပြည်သူတေ ွမဲထည့်ဖို့ အတွက် အဆင်သင့် ဖြစ်နေပြီလို့ ဆရာတို့ယူ ဆပါသလားခင်ဗျာ။

“ကျနော်တော်တို့အမြင်ကတော့လေ ဒီနေ့ကြေညာတယ် မေလ၁၀ရက်နေ့။ ဆန္ဒပြုရ မယ့်စာအုပ်က လည်း ဒီနေ့မှ ပြည်သူကို စတင်ဖြန့်ဖြူးတယ်။ရောင်းချတယ်။ အဲတော့ ဒီအချိန်မှာ ပြည်သူတွေ လေ့လာဖို့အခြေအနေကတော့ အချိန်သိပ်နည်းတယ် လို့ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ပြည်သူတွေ အဆင်သင့်ဖြစ်သလားဆိုတော့ ပြည်သူတွေအများစုကတော့ မိမိတို့အသီး သီး ကိုယ်တိုင်ခံစားနေတဲ့ ခံစားချက်တွေအရ ကြက်ခြေခတ်ဖို့အဆင်သင့်ရှိနေတယ်လို့တော့ ကျနော်ယုံကြည်ပါတယ်။”

NLD ပါတီဖက်ကရော မဲပေးမယ့် ကိစ္စတွေမှာ ဘာတွေပြင်ဆင်ထားပါသလဲခင်ဗျ။

“ဆန္ဒမဲပေးတဲ့နေရာမှာ ကိုယ်တိုင်ကိုယ် ကျပါဝင်ဖို့ကျနော်တို့အဖွဲ့ချုပ်ကထုတ်ထားတဲ့ အချက်၇ချက်နဲ့ ညီအောင်ကြိုး စားပြီးတော့ ဆောင်ရွက်ဖို့။ ပြည်သူတွေ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေကလည်း မိမိတို့ဆန္ဒကိုရဲရဲရင့်ရင့်မဲပေးဖို့။ ဒီနေရာမှာ အရေးကြီးတာက ပြည်သူတွေဆွေစဉ်မျိုးဆက် ဒုက္ခ္ခမခံ ရဖို့ဆိုရင် ကန့်ကွက်မဲပေးဖို့ ပြည်သူကြားကို အဖွဲ့ချုပ်အနေနဲ့ ကြိုးစား ဝင်ရောက် ဆောင်ရွက်သွား မှာပါ။ ဆွေးနွေးသွားမှာပါ။”

ဟုတ်ကဲ့ ဆရာပြောခဲ့သလိုပဲ ဥပဒေမူကြမ်းကိုပြည်သူတွေလေ့လာဖို့၊ ဝေဖန်းဆန်းစစ်ဖို့က အချိန်ကလည်းနည်း၊ စစ်အစိုး ရဖက်ကလည်း ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေ တင်းကြပ် မှုတွေက လည်းထုတ်ထားတယ်ဆိုတော့ NLD ပါတီအနေနဲ့ ပြည်သူ တွေအတွက် ဘာတွေများ လုပ်ပေး ဖို့ရှိပါလဲ။ ဘာတွေလုပ်ပေးနိုင်မယ်ထင်ပါသလဲ။

“ကျွန်တော်တို့ကတော့ နောင်ပေါ်လာ နိုင်တဲ့ကိစ္စတွေ ဆန္ဒခံယူပွဲနဲ့ပါတ်သက်ပြီးတော့ ချို့ယွင်း ချက်အားနည်းချက် တွေတွေ့မြင်လာလို့ရှိရင် ပြည်သူတွေကို အသိပေးသွားမှာပါ။ အဖွဲ့ချုပ်ဟာ ပြည်သူအတွက်ရပ်တည်နေတာမို့လို့ ပြည် သူတွေကိုအသိပေးသင့်တဲ့ဟာတွေကို ကျွန်တော်တို့လုပ် သွားဖို့ဆုံးဖြတ်ထားပါတယ်။”

မေလဆန္ဒခံယူပွဲမှာ ကုလသမဂ္ဂနဲ့နိုင်ငံတကာလွတ်လပ်တဲ့အဖွဲ့အစည်းတွေက စောင့်ကြည့် လေ့လာ ခွင့်မရလို့ မြန်မာစစ် အစိုးရဖက်ကနေ လွတ်လွတ်လပ်လပ်နဲ့တရားမျှတမှုရှိရှိ ဆန္ဒခံယူပွကို ကျင်းပ ပေးမယ်၊ မပေးဘူးဆိုတဲ့ ကိစ္စအပေါ်မှာ အများကတော့စိုးရိမ်မှုတွေ ကြီးထွားနေကြပါတယ်။ အခြေခံ ဥပဒေမူကြမ်းကို ထောက်ခံရေး မြန်မာစစ် အစိုးရဘက်က ဝင်ထမ်းလောကမှာ စည်းရုံးနေတယ် ဆိုတဲ့ သတင်းတွေထွက်နေသလိုပဲ မြန်မာ့ဒီမိုကရေစီသမားတွေရဲ့ကန့်ကွက်မဲပေး ဖို့လှုံ့ ဆော်မှု သတင်းတွေကလည်း အခုတလောမှာ တပြိုင်ထဲထွက်ပေါ်နေတာပါ။ အခုထွက်လာတဲ့ ဥပဒေမူကြမ်း မှာ လည်း စစ်တပ်ကပဲပုံစံတမျိုးနဲ့ တိုင်းပြည်ရဲ့အာဏာကိုဆက်ပြီးတော့ထိန်းချုပ်သွားနိုင်မယ့် သဘောတွေရေးဆွဲ ထားလို့ ဒီမိုကရေစီရေးလိုလားသူတွေကတော့ အတည်မပြုရေး ကန့်ကွက်မဲ ထည့်ကြဖို့ပြည်သူတွေကိုလှုံ့ဆော်နေပါတယ်။ တိုင်းရင်သားစည်းလုံးညီညွတ်ရေးပါတီ တစညနဲ့ စစ်အစိုးရကို လိုလားထောက်ခံသူတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပ ဒေမရှိတ ဲ့တိုင်းပြည် အဖြစ် ကနေရှိတဲ့တိုင်းပြည်ဖြစ်လာနိုင်ဖို့ ထောက်ခံမဲတွေပေးကြမယ်လို့ပြောဆိုနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG