သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခတွေကို သံတမန်နည်းနဲ့ ဖြေရှင်းရေး ပုပ်ရဟန်းမင်းကြီးတိုက်တွန်း


ပဋိပက္ခဖြစ်မှုတွေကို သံတမန်နည်းနဲ့ ကျင့်သုံးဖို့ ပုပ်ရဟန်းမင်းကြီးက အိမ်ဖြူတော်ကို ရောက်ရှိ စဉ်မှာ သမ္မတဘုရှ်ကို တိုက်တွန်းလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဝါရှင်တန်မှာ ရှိတဲ့ အိမ်ဖြူတော်မှာ သမ္မတဘုရှ် နဲ့ တွေ့ဆုံးစဉ် ပုပ်ရဟန်း Benedict က ဘာသာရေးထက် ဒီမိုကရေစီကို ပိုပြီးတော့ မိန့်ကြားသွားခဲ့ပါတယ်။ အခမ်းအနားကို လူထုထောင်နဲ့ချီပြီး တက်ရောက်ပါတယ်။

နိုင်ငံရေး ခေါင်းဆောင်တွေဟာ အမှန်တရား ဉာဏ်အမျှော်အမြင်ကြီးမားမှုတို့ရဲ့ လမ်းညွှန်ချက်ဖြင့် သာလျှင် ဒီမိုကရေစီ ထွန်းကားရေးကို ပြုလုပ်နိုင်လိမ့်မယ်လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားပါတယ်။ သမ္မတဘုရှ်က ဘာသာရေး လွတ်လပ်ခွင့်အကြောင်းနဲ့ သူနဲ့ ကပ်သလစ်ကျောင်းတော်တို့က သန္ဓေသား ဖျက်ချခြင်းကို ဆန့်ကျင်တဲ့အကြောင်း အရိတ်အမြွတ်များကို ပြောကြားလိုက်ပါတယ်။ အခုလို အကြမ်းဖက်ဝါဒနဲ့ မုန်းတီးမှုများ ပေါ်ပေါက်နေတဲ့ ကာလမှာ ဘုရားသခင်ဟာ မေတ္တထား၊ လူသားတွေ အားလုံးဟာ မွန်မြတ်ပါတယ်ဆိုတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အဆုံးအမဟာ အမေရိကန် လူမျိုးတွေအတွက်လိုအပ်တယ်လို့ သမ္မတ ဘုရှ်က ပြောကြားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သမ္မတ ဘုရှ်နဲ့ ပုပ်ရဟန်းမင်းကြီးတို့ဟာ သီးခြားဆွေးနွေးကြပါတယ်။ ကမ္ဘာ့ပြဿနာ ပဋိပက္ခ ဖြစ်ပွားမှုများ၊ ဆင်းရဲမွဲတေမှုနဲ့ ကမ္ဘာ့ ရောဂါကပ် အန္တရယ်ဘေးကြီးများ အတွက် သူတို့ နှစ်ဦးတွေ့ဆုံဆွေးနွေးကြောင်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG