သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားရဲ့ နျူကလီးယားလုပ်ရပ် ထောက်လှမ်းရေးသတင်း ထိန်ချန်မှုအတွက် အမေရိကန်ကို ကုလဝေဖန်


ဆီးရီးယားရဲ့ အနုမြူဓာတ်ပေါင်းဖိုကို မြောက်ကိုရီးယားက ကူညီ တည်ဆောက်ပေးခဲ့တဲ့ ထောက်လှမ်းရေးသတင်း ထိန်ချိန်ထားတဲ့အတွက် နိုင်ငံတကာ အနုမြူအေဂျင်စီ IAEA က အမေရိကန်နိုင်ငံကို ပြစ်တင် ဝေဖန်လိုက်ပါတယ်။

သတင်းထုတ်ပေးခဲ့တာကို လေးဆိုင်းထားခဲ့တဲ့အတွက် ဘုရှ်အစိုးရကို IAEA ရဲ့ အကြီးအကဲ Mohaved El Baradei က ဝေဖန်လိုက်ပါတယ်။ လေကြောင်း တိုက်ခိုက်မှု အတောအတွင်း၊ အဆိုပါ ဓာတ်ပေါင်းဖိုနေရာကို ဖျက်ဆီးခဲ့တဲ့အတွက် အစ္စရေးကို သူက ရှုတ်ချလိုက်ပါတယ်။ နျူကလီးယာ မပြန့်ပွားရေး စာချုုပ်အောက်မှာ စိစစ်ရတဲ့အလုပ်ကို ဖျက်ဆီးလိုက်တာလို့ သူက ဆိုပါတယ်။

အဆိုပါ ထောက်လှမ်းရေးသတင်းကို IAEA က လေးလေးနက်နက် သဘောထားပြီး စုံစမ်းစစ်ဆေးမယ်လို့ El Baradei က ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ လျှို့ဝှက် နျူကလီးယား လုပ်ဆောင်ချက်တွေ ရှိခဲ့တယ် ဆိုတာကို ဆီရီးယားက ငြင်းဆိုထားပြီး တိုက်ခိုက်ရာမှာ အမေရိကန်က အစ္စရေး ကို အကူအညီပေးခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

အမေရိကန် သမ္မတအိမ်ဖြူတော်က အထောက်အထားတွေကို ကြာသပတေးနေ့က ထုတ်ပြခဲ့ပါတယ်။ ငြိမ်းချမ်းရေး ရည်ရွယ်ချက်အတွက် နျူကလီးယာ ဓာတ်ပေါင်းဖိုကို တည်ဆောက်ခဲ့တာ မဟုတ်ဘူးလို့ ဘုရှ် အစိုးရက ပြောပါတယ်။ ဒေသတွင်း မတည်မငြိမ် ဖြစ်စေနိုင်တဲ့ ဖြစ်ပေါ်မှုလို့ ဆီးရီးယား ဓာတ်ပေါင်းဖိုကိစ္စကို ဘုရှ်အစိုးရက သုံးနှုန်းပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG