သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကြောင့်သေဆုံးသူ ၂၂၄၀၀ကျော်သွားပြီဟု စစ်အစိုးရကြေညာ


နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၂၂၀၀၀ ကျော်ရှိသွားပြီး ၄၁၀၀၀ ကျော် ပျောက်ဆုံး နေတယ်လို့ စစ်အစိုးရက ကြေညာလိုက်ပါတယ်။

လေဘေးဒုက္ခသည်တွေအတွက် စားရေရိက္ခာအပူ တပြင်းလိုအပ် နေတာမို့ စစ်အစိုးရ က နိုင်ငံတကာ အကူအညီတွေ လက်ခံမယ်လို့ သံတမန်တွေနဲ့ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းတွေကို မနေ့ကပြောဆို လိုက်ပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံက ကယ်ဆယ်ရေး အထောက်အပံ့တွေ ဒီနေ့လေယာဉ်နဲ့ ရန်ကုန်မြို့ကိုရောက်ရှိသွားပါပြီ။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဂျာမဏီ၊ နော်ဝေ၊ ဆွီဒင်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန် နဲ့ စင်ကာပူနိုင်ငံတွေက ကယ်ဆယ်ရေးအကူအညီတွေပေးမယ်လို့ ကမ်းလှမ်းထား ပါ တယ်။

XS
SM
MD
LG