သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးဒဏ်ခံနေရသူတွေရဲ့ ဆန္ဒမဲ စစ်အစိုးရ မဖြစ်မနေရယူ


ဒီလ ၃ ရက်နေ့တုန်းက နာဂစ် ဆိုင်ကလုန်း လေမုန်တိုင်း တိုက်ခတ်ခဲ့ရာ ဒေသတွေမှာ အခြေခံဥပဒေ အတည်ပြုရေး ဒုတိယ အကြိမ် ဆန္ဒခံယူပွဲတွေကို မြန်မာ စစ်အစိုးရက ဒီကနေ့ပဲ ကျင်းပလိုက် ပါတယ်။

ဆိုင်ကလုန်း လေမုန်တိုင်း တိုက်ခတ် ခဲ့တာကြောင့် ရန်ကုန်တိုင်းနဲ့ ဧရာဝတီ တိုင်းထဲမှာ လူထုဆန္ဒခံယူပွဲတွေကို အစောပိုင်းမှာ အစိုးရက ၂ ပတ်ကြာ ရွှေ့ဆိုင်းထားတာပါ။ ဒီလို မုန်တိုင်းဒဏ်ခံထားတဲ့ ကြားက ဆန္ဒခံယူပွဲတွေ ကျင်းပဖို့ စီစဉ်တဲ့အတွက်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်ပြစ်တင်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရကတော့ မဲပေးသူတွေက တခဲနက်မဲပေးပြီး အခြေခံဥပဒေ မူကြမ်းကို အတည်ပြုထားပြီး ဖြစ်တယ်လို့ အစောပိုင်းကတည်းက ကြေငြာထားတာလည်း ဖြစ်ပါတယ်။ ဒီကမှ နောက်တဆင့် ၂၀၁၀ ခုနှစ်ကြရင် ရွေးကောက်ပွဲအသစ်တွေ ကျင်းပဖို့လည်း ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း အတိုက်အခံ နိုင်ငံရေး အင်အားစု တွေနဲ့ လူအခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒီအခြေခံဥပဒေဟာ စစ်တပ်က တိုင်းပြည်ကို ချုပ်ကိုင်ထားတာတွေကို ပိုမိုပြီးသာ ခိုင်မာလာစေ လိမ့်မယ်ဆိုပြီး ပြောဆိုကြတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG