အခု ကမ္ဘာမှာဖြစ်နေတဲ့ အစာအစာ ဈေးနှုန်းတိုးမြင့်လာတာတွေဟာ ဘိုင်အိုလောင်စာထုတ်လုပ်မှု ဆီဈေး မြင့်တတ်မှု လိုအပ်မှုကိုဖြည့်ဆည်းဖို့ ပို့ကုန်ဖြတ်တောက်ရပ်တန့်မှု ဈေးကွက်တင်းကြပ်မှုနဲ့ ရင်းနှီးမြုပ်နှံသူတွေရဲ့ ဈေးကစားမှုတွေ စတဲ့ အခြေအနေအကြောင်းကြောင့် ဖြစ်လာရတာပါ။
အကြောင်းရပ်တခုကိုချည်းတော့ အပြစ်တင်လို့မရပဲနဲ့ ဒီအကြောင်းပေါင်းစုံ စုပြီး ကမ္ဘာဈေးကွက်ကို ထိခိုက်မှုတွေဖြစ်လာတာလို့ ကျွမ်းကျင်သူပညာရှင်အများစုက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် Aida Akl က အစားအစာတွေအပါအဝင် စားသောက်ကုန်ပစ္စည်းဈေးနှုန်းတွေ ဈေးကွက်တွေမှာ အဆမတန် ဈေးမြင့်တတ်လာတာ ဘာကြောင့်လဲဆိုတာကို စုစည်းလေ့လာ သတင်းရေးသားထားတာကို အခု စီးပွားရေး အစီအစဉ်မှာ ကိုသားညွန့်ဦးက တင်ဆက်ထားပါတယ်။
ကမ္ဘာကုလသမဂ္ဂ အဆိုအရတော့ အခု ပြီးခဲ့တဲ့ ၉လအတွင်းမှာ ကမ္ဘာ အစားအစာဈေးနှုန်းတွေဟာ ၄၅ ရာခိုင်နှုန်းအထိ မြင့်တတ်လာပါတယ်။ ကမ္ဘာဂျုံဈေးနှုန်းဟာဆိုရင် ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာပဲ ၁၈၀ ရာခိုင်နှုန်းအထိကို ထိုးတက်လာပါတယ်။ ဆန်ဈေးကတော့ ဒီတနှစ်အတွင်းမှာကိုပဲ ၇၆ရာခိုင်နှုန်း မြင့်တတ်ခဲ့ပါတယ်။
ရလဒ်ကတော့ ကမ္ဘာ့ပေါ်က ဆင်းရဲတဲ့တိုင်းပြည်တွေဟာ အခုနှစ်အတွင်းမှာ ကောက်ပဲသီးနှံ တင်သွင်းမှုတန်ဖိုး ၅၆ ရာခိုင်နှုန်း တိုးမြင့်လာမယ့် အခြေအနေကို ရင်ဆိုင်လာရနိုင်ပါတယ်။