သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်စစ်သင်္ဘောကဆန်များ မြန်မာပြည်ကိုလွှဲပြောင်း


မုန်တိုင်းဒုက္ခသည်တွေအတွက် ကုလသမဂ္ဂဘက်က ကူညီဆောင်ရွက်မှုတွေထဲက နောက်ဆုံးတိုးတက်မှုတချို့နဲ့ ပတ်သက်ပြီး မနေ့က ကုလသမဂ္ဂမှာကျင်းပတဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မီရဲှ မွန်းတပ်စ် (Michelle Montas) က မုန်တိုင်းဒေသ သုံးမြို့နယ်မှာ ရိက္ခာထောက်ပံ့ရေးတွေ သိသိသာသာ ရှိလာနေပါပြီ၊ မြန်မာစစ်အစိုးရက အဝင်မခံ
လို့ ပြန်လှည့်ထွက်ခဲ့ရတဲ့ ပြင်သစ်ရေတပ်သင်္ဘောက ဆန်တွေလည်း မြန်မာပြည်ကို
ပို့ဖို့ ပြင်ဆင်ထားပြီလို့ ပြောပါတယ်။ အပြည့်အစုံကို ဦးကျော်အောင်လွင်က တင်ပြ
ပေးထားပါတယ်။

“WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ ပြောဆိုချက်အရ အခုရက်ပိုင်းတွေအတွင်း
အထူးသဖြင့် လပွတ္တာ၊ ဘိုကလေးနဲ့ ဖျာပုံမြို့နယ်တွေမှာ စားရေရိက္ခာတွေဖြန့်ဝေဖို့ တိုးမြှင့်စီစဉ်ထားနိုင်ခဲ့ပါတယ်။ အဲဒီမှာ ကူညီရေး NGO အဖွဲ့တွေနဲ့ လုပ်ဆောင်နေပါ
တယ်။ မော်တော်ဘုတ်တွေ တော်တော်များများနဲ့ လုပ်နေတာပါ။ ရဟတ်ယာဉ်တစီး
ကလည်း ရန်ကုန်နဲ့ လပွတ္တာအကြား သယ်ယူပို့ဆောင်ရေးတွေလုပ်နေတာ ၄ ရက်
ရှိနေပါပြီ။ သွားလာရေးခက်ခဲတဲ့ နေရာတွေကို ရိက္ခာပစ္စည်းတွေ ပို့ဆောင်နေတာပါ။ ရဟတ်ယာဉ်နောက်ထပ် ၅ စီး ဒီကနေ့ပဲ မြန်မာပြည်ကို ရောက်လာပါလိမ့်မယ်။ တခြားရဟတ်ယာဉ်တွေလည်း ထိုင်းနိုင်ငံ ဘန်ကောက်ကနေ မြန်မာပြည်ကိုသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။

“ မြန်မာစစ်အစိုးရက လာခွင့်မပေးလို့ ပြန်လှည့်ထွက်ခဲ့ရတဲ့ ပြင်သစ် ရေတပ်သင်္ဘောဟာ မနေ့ကပဲ အကောက်ခွန်ကင်းလွတ်ခွင့်ရလို့ ဆန်တန်ချိန် ၄၀၀ကို ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှာ WFP ကုန်တင်လေယာဉ်ဆီကို လွှဲပြောင်းပေးခဲ့ပါပြီ။ ဒီကနေ့ပဲ ရန်ကုန်ကိုရောက်မှာပါ။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မီရဲှ မွန်းတပ်စ်က မြန်မာပြည်က မုန်တိုင်းဒေသကူညီရေး တိုးတက်လာမှု အခြေအနေတချို့ကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG